အိမ်ရှေ့ရောက်သည်ထိမထဘဲအိပ်နေသေးသောအကောင်ပေါက်ကိုအော်နှိုးလိုက်ချင်သော်လည်းပကတိဖြူစင်နေသောမျက်နှာလေးကြောင့်မလုပ်ရက်တော့ဘဲအိမ်ထဲထိလိုက်ပို့ရန်သာတွေးလိုက်သည်။
"ဟယ် ဂျောင်ဟိုဆော့တို့ဘယ်လိုဖြစ်လာတာတုန်း"
"ကျနော်လည်းမသောက်ဖို့ထိန်းပါသေးတယ်အန်တီရယ် ပြောလို့ကိုးမရတာ"
ဟိုဆော့ကိုချွန်ပေးရတာဘယ်လောက်တောင်အကျင့်ပါနေမှန်းမသိပါ မချွန်ရရင်ကိုမနေနိုင်တော့။
"ဒီဆိုဖာမှာဘဲချလိုက်သား သူ့ဟာသူနိုးရင်တတ်အိပ်လိုက်မယ်"
"ရတယ်အန်တီကျနော်ပို့ပေးလိုက်ပါမယ် သူလဲပင်ပန်းနေပြီးစိုတော့အေးဆေးအိပ်ပါစေ"
"အော်အေးအေး..."
အန်တီဂျောင်အားပြောပြီးဟိုဆော့အခန်းဆီသို့ဦးတည်လိုက်သည် သူဟိုဆော့အခန်းသို့မရောက်ဖြစ်သည်မှာအတော်ပင်ကြာပြီဖြစ်သည်။ ဒီကောင်ကသူ့ဟာစိုသိပ်ဥစ္စာခြောက်တာကြောင့်ပင် ပွေ့ချီထားတာတောင်မနိုးဘဲအိပ်မောကျနေသောလူအားငုံ့ကြည့်လိုက်သည် မျက်နှာတခုလုံးနီရဲနေကာ ပန်းရောင်သန်းနေသောနှုတ်ခမ်းကိုလည်းဆူထားသေးသည် ခေါင်းထဲဝင်လာသောအတွေးတွေကိုချက်ချင်းဖျောက်ပြစ်လိုက်ကာ အိပ်ယာပေါ်သို့ငြင်သာစွာချပေးလိုက်သည်။
*သူဟိုဆော့ပေါ်ဘယ်လိုတောင်များနူးညံ့သွားတာပါလိမ့်*
သန့်ရှင်းသပ်ရပ်နေသောအခန်းကသူ့အခန်းနှင့်တော့လားလားမျှမဆိုင် ယောက်ကျားလေးဖြစ်ပြီးအသန့်အရမ်းကြိုက်တတ်သောဟိုဆော့ကိုဘဲအမြင်ကပ်သည်။
"ကင်မ်ထယ်ယောင်း ခွေးကောင်....."
အိပ်ရင်းယောင်နေသောဟိုဆော့ကြောင့်သူကုတင်နားသို့တိုးသွားလိုက်သည်
အိပ်မက်ထဲတောင်ငါကမင်းကိုဒုက္ခပေးနေတာလား ကောင်းလိုက်တာ ကျေနပ်တယ် မင်းရဲ့အိမ်မက်ထဲထိ ငါကအမြဲလိုက်နှောက်ယှက်ချင်တာ။
_________________
ထိုနေ့ညကကိစ္စပြီးတည်းကသူကျောင်းမသွားသည်မှာဒီနေ့နဲ့စိုတစ်ပတ်ပင်ရှိပြီ ကျောင်းကလူတွေအများကြီးရှေ့ဖြစ်ချင်သလိုတွေဖြစ်ခဲ့သည်ကိုပြန်တွေးလိုက်တိုင်းရှက်လွန်းလို့အငွေ့ပျံ၍သာပျောက်သွားလိုက်ချင်ပါသည် ထို့အပြင်အဲ့နေ့ညကအိမ်လိုက်ပို့ပြီးမေမေ့ကိုပါချွန်သွားတဲ့ထယ်ယောင်းကြောင့်သူ့မှာဒေါသထွက်ချင်တာတောင်အပြည့်အဝမထွက်နိုင်ပါ ဘာလို့မှန်းမသိသူထယ်ယောင်းနဲ့မျက်နှာချင်းမဆိုင်ချင်ပါ။
YOU ARE READING
𝘜𝘯𝘦𝘹𝘱𝘦𝘤𝘵𝘦𝘥 𝘓𝘰𝘷𝘦//𝗏𝗁𝗈𝗉𝖾
Fanfictionအပြိုင်အဆိုင် ဓာတ်မတည့်မှုတွေကြားမှချစ်မိသွားသော ဇာတ်အိမ်တစ်ခုကို တည်ထားခြင်း။ Authors - kim_yuri_9495 sohyungmin25 \\Vhope//