ဟိုဆော့တယောက်ဒီနေ့ကျောင်းသို့အရောက်အတန်းထဲရှိသူ၏ခုံပေါ်တွင်လက်ဆောင်ဘူးများကိုတွေ့လိုက်ရတာကြောင့်အံအားသင့်နေမိသည် သူသည်လည်းကျောင်းထဲတွင်တော်တန်ရုံစော်ကြည်သော်လည်း အခုလိုလက်ဆောင်တွေရသည်အထိတော့မကြုံဖူးသေးပါ ဘဝင်တောင်မြင့်ချင်သွားသည် ဘယ်သူလာထားသွားလဲသိချင်တာကြောင့်အတန်းထဲရှိလူတချို့ကိုမေးကြည့်သော်လည်းဘယ်သူမှမသိပေ ပုံမှန်ဆိုကျောင်းစောစောရောက်နေကျအဖွဲ့ထဲကကောင်တွေကလည်းဒီနေ့မှမလာသေးတာကြောင့် သူ့ဟာသူဘဲလက်ဆောင်တွေကိုဖောက်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။
*ဟက် ဂျောင်ဟိုဆော့တို့လာဘ်ပွင့်တာဘဲ*
ကိုယ့်ကိုယ်ချီးကျူးရင်းခပ်ကြီးကြီးဘူးလေးကိုအရင်ဆုံးဖောက်လိုက်တော့ အထဲတွင်တွေ့လိုက်ရသည့်အရာကြောင့်သူထအော်ရင်းထိုနားမှာတင်မေ့လဲသွားရသည်။
ဟိုဆော့၏အသံကြောင့်အတန်းထဲရှိလူများရုန်းရင်းဆန်ခတ်ဖြစ်ကာပုန်းကွယ်နေသည့်သူတို့လဲအမြန်ထွက်လာလိုက်သည် ဟိုဆော့ဒီလောက်ထိဖြစ်သွားမည်ဟုသူလဲမထင်မိသည်မှာအမှန် ငယ်ငယ်ကမြွေအရုပ်နဲ့လိုက်တို့ကာစလျင်အော်ငိုကာထွက်ပြေးရ်ျသုံးရက်လောက်အိမ်ကိုရောက်မလာတော့သည်တည်းကသူမစဖြစ်တော့သည်မှာယခုချိန်ထိပင် မနေ့ကဂိမ်းစက်ကိုဖျက်စီးသွားတာကြောင့်မကျေနပ်၍ယခုလိုလုပ်မိခြင်းပင် လက်ဆောင်ဘူးထဲတွင်ရွေ့လျားနေသောမြွေရုပ်အတုလေးကဟိုဆော့ကိုအခုလိုထိဖြစ်သွားစေမှန်းသူတကယ်မသိခဲ့ရိုးအမှန်ပေ။
လဲကျနေသောလူအား မ ချီရန်ခြေလှမ်းလိုက်စဉ်ဟိုဆော့တို့အဖွဲ့တည်းကအမြဲဟိုဆော့နဲ့တပူးပူးတတွဲတွဲမြင်တွေ့ရတတ်သည့်ဟီဂျွန်းဆိုသည့်အကောင်ကဦးအောင်ဝင်ချီလိုက်တာကြောင့်ထယ်ယောင်းမျက်မှောင်ကြုံ့လိုက်သည် ဟိုဆော့ကိုမချီကာသူ့အားစူးရဲရဲကြည့်သွားပုံမှာအကောင်လိုက်မြိုချတော့မည့်ပုံ
"သားရီး မင်းလုပ်တာနဲနဲများသွားပြီထင်တယ်"
"ကျစ်! ငါလည်းသူမြွေကြောက်တတ်တာသိပေမဲ့ဒီလောက်ဖြစ်သွားမယ်လို့ဘယ်ထင်ပါ့မလဲ"
YOU ARE READING
𝘜𝘯𝘦𝘹𝘱𝘦𝘤𝘵𝘦𝘥 𝘓𝘰𝘷𝘦//𝗏𝗁𝗈𝗉𝖾
Fanfictionအပြိုင်အဆိုင် ဓာတ်မတည့်မှုတွေကြားမှချစ်မိသွားသော ဇာတ်အိမ်တစ်ခုကို တည်ထားခြင်း။ Authors - kim_yuri_9495 sohyungmin25 \\Vhope//