Part 1

21.2K 439 36
                                    


ပျိုး

အပိုင်း (၁)

#ပျိုး

05310557

"သမီး...မေလေး...ထတော့လေ...ဒီနေ့ ကျောင်းဖွင့်တယ်နော်..."

"အီး...ထချင်သေးဘူး..မေမေရဲ့...အိပ်ချင်သေးတယ်..."

"ကျောင်းနောက်ကျမယ်...မီိးလေးရဲ့..."

"ဟင့်..."

မေလေး အိပ်ချင်သေးပေမဲ့လည်း မေမေ က ကျောအောက်ကို လက်ထည့်ကာ ချီလိုက်တော့ မျက်လုံး မှိတ်လျက်သားဖြင့် ပါသွားသည်။

"........"

"တကယ်ပဲ...မနက်တိုင်း နိုးရခက်လိုက်တာနော်..."

မေမေ က ပါးစပ်က ပြောရင်း မေလေး ရဲ့ ညအိပ်၀တ်တဲ့ ဂါ၀န်ကို ဆွဲချွတ်ကာ လက်ထဲကိုလည်း သွားတိုက်တံ ထည့်ပေးနေသည်။

မျက်လုံးကို လက်နဲ့ဖိပွတ်လိုက်ပြီးမှ သွားတိုက်တံကို ပါးစပ်ထဲ ထည့်လိုက်ပြီး မေမေ့ကို မော့ကြည့်ကာ ရယ်ပြလိုက်သည်။

"မေလေး က အိပ်မက်နေတာ..."

"ဘာတွေမက်လို့လဲ.."

"ဖေဖေရယ်...မေမေရယ်..မေလေးရယ်...ပင်လယ်ကို သွားကြတာ...မေလေးတို့ က ဟိုတယ်ကြီးကြီးမှာ နေကြတာ...မေမေရဲ့..."

"ဟုတ်လား...ဆန်ဒေး..ဖေဖေ လာရင် ဖေဖေ့ကို ပူဆာပေါ့ သမီးလေးရဲ့..."

"အင်း....ဟင်း...ဒါပေမဲ့..ဖေဖေ က အားမှာ ဟုတ်ပါဘူး..."

မေလေး ခေါင်းညိတ်ပြီးကာမှ ဖေဖေ့အကြောင်း တွေးမိတော့ ခေါင်းရမ်းပြီး သွားကို ပိုဖိတိုက်လိုက်သည်။

မေမေ ကတော့ မေလေး ကို ထားခဲ့ပြီး ရေသုတ်၀တ် သွားယူနေပြီ..။

သွားတိုက်ပြီး မျက်နှာ တစ်ခါတည်း သစ်လိုက်ကာ ခုံပေါ်ကနေ ဆင်းလိုက်သည်။

"မီးလေး...ဖြည်းဖြည်းဆင်းလေ..ပြုတ်ကျမယ်..."

မမထက်က ရေချိုးခန်းထဲ ရောက်လာပြီး မေလေးကို ပွေ့ချီရင်း ပြောတော့ နှာခေါင်းရှုံ့မိသည်။

"မေလေး က လေးတန်းတောင် ရောက်နေပါပြီ..."

"မီးလေး..မေမေ သိရင် မမ ကို ဆူမှာ မီးလေးရဲ့..."

ပျိုးTempat cerita menjadi hidup. Temukan sekarang