Part-4🌹🌻

211 25 7
                                    

ပန်းနုရောင်တိုက်အိမ်လေးသို့ဝင်ဝင်ချင်း chaeyoungအိမ်အတွင်းရှိ အသုံးအဆောင်အများစုသည်ပန်းရောင်လေးများသာဖြစ်သောကြောင့် Lisaတစ်ယောက် အံ့သြရပြန်သည်

Chae:"LiLiဘာဖြစ်လို့ရပ်နေတာလဲ ထိုင်လေ....ဘာလဲchaeက ထိုင်ပါအုံးမပြောလို့လား😅"

Lisa:"မဟုပ်ပါဘူး Chaeက ပန်းရောင် ကြိုက်တာလား"

ရုတ်တရက်အဆက်အစပ်မရှိ Lisa မေးလာသောမေးခွန်းကြောင့် Chaeyoung ကြောင်တောင်တောင် ဖြစ်ကာ

Chae:"Chaeပန်းရောင်ကြိုက်တာ LiLiက ဘယ်လိုသိ"

Lisa:"Chaeအိမ်ထဲမှာရှိတဲ့ အသုံးအဆောင်အများစုက ပန်​းနုရောင်လေးတွေလေ အက်ဒါကိုကြည့်ပြီး LiLiရမ်းပြောလိုက်တာ..ဟီးးး"

Chae:"LiLiရမ်းပြောတာ မှန်တယ် chaeက ငယ်ငယ်လေးထဲက ပန်းနုရောင်အရမ်းကြိုက်တာ"

Lisa:"LiLi အရောင်တွေနဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ်မှာဖတ်ဖူးတယ် ပန်းနုရောင်ရဲ့အဓိပ္ပါယ်ကနွေးထွေးတယ် နူးညံ့တယ် ကြင်နာတယ် အချစ်နဲ့အလှအပကိုလည်းကိုယ်စားပြုတယ်တဲ့ စွမ်းအားအကြီးဆုံး ငြိမ်သက်စေခြင်းတွေထဲကတစ်ခုဖြစ်ပြီး မိန်းကလေးတွေရဲ့အရောင်လို့လဲ သတ်မှတ်တယ်တဲ့ "

LiLiပြောသမျှကို စိတ်ဝင်တစားနှင့် နားထောင်နေသော chae

Chae:"ပီးတော့ရော ဆက်ပြောလေ LiLi
chaeက အရောင်ကိုသာကြိုက်တာ အဓိပ္ပါယ်ကိုမလေ့လာမိဘူး"

Lisa:"Chaeပန်းနုရောင်ကြိုက်တာမပြောနဲ့ chaeကိုယ်တိုင်က ပန်းနုရောင်လူသားလေးဖြစ်နေတာ"

Chae:"ဘယ်လို chaeက ပန်းနုရောင်လူသားဟုပ်လား
chaeနားမလည်တော့ဘူး"

Lisa:"LiLiပြောပြမယ်...ပထမဆုံး ပန်းနုရောင်ရဲ့ အဓ်ိပ္ပါယ်က နွေးထွေးတယ် ကြင်နာတယ်တဲ့ chaeနဲ့ LiLiရင်းနှီးခွင့်ရတာသိပ်မကြာသေးပေမယ့် LiLiအပေါ် chaeနွေးနွေးထွေးထွေးဆက်ဆံပေးတယ်ဆိုတာ LiLiခံစားရတယ် တစ်ခြားသူတွေ ဥပမာ..သင်တန်သားတွေအပေါ်လည်း ကြင်ကြင်နာနာ နွေးနွေးထွေးထွေး သင်ကြားပေးတယ်..ပီးတော့ နောက်ထပ်အဓိပ္ပါယ်တစ်ခုက အချစ်နဲ့အလှအပကိုလည်း ကိုယ်စားပြုတယ်တယ်ဆိုတဲ့အတိုင်းးး ပန်းနုရောင်ကိုကြိုက်နှစ်သက်တဲ့ chaeကလေ chaeကြိုက်နှစ်သက်တဲ့အရောင်လေးရဲ့ အဓိပ္ပါယ်အတိုင်း နူးနူးညံ့ညံ့လေးနဲ့လှပြီး ချစ်စရာကောင်းတယ်....အာ့ကြောင့် LiLiက chaeကို ပန်းနုရောင်လူသားလေးလို့ တင်စားတာ"

YOU'RE THE REASON OF MY SMILEWhere stories live. Discover now