Part-7🌹🌻

279 29 4
                                    

အချိန်တွေလည်း တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာခဲ့ကာ....Chaeyoung ရဲ့ သင်တန်းကာလ လည်းပြီးဆုံးသွားခဲ့ဘီ Chaeyoung နဲ့ Lisa တို့ရဲ့ခင်မင်မှုမှာလည်း တစ်နေ့ထက်တစ်နေ့ ပို၍ပို၍ ရင်းနှီးလာကြသည် အခုဆို သွားအတူလာအတူ သူငယ်ချင်းတွေပင်ဖြစ်နေကြသည် Lisaအားတဲ့ရက်တိုင်း Chaeyoung အိမ်လာကာ အတူတူချက်ပြုတ်စားသောက်ရင်းဖြစ်စေ ဂိမ်းကစားရင်းဖြစ်စေ ဂစ်တာတီးကာ သီချင်းအတူအော်ဆိုရင်းဖြစ်စေ အချိန်းဖြုန်းတတ်သည် ဒီနေ့လည်း Chaeyoung နဲ့ Lisa shopping ထွက်ရန်ချိန်းထားသဖြင့် Chaeyoung အိမ်သို့ Lisa ထွက်လာခဲ့သည်

Lisa:"Chae ရေ LiLiရောက်ဘီနော် "

Chaeyoung အိမ်ရှေ့သို့ရောက်ရောက်ချင်း ရောက်ပြီဖြစ်ကြောင်းခြံပြင်ကနေလှမ်းအော်ပြောကာ ခြံရှေ့ကနေဘဲရပ်စောင့်နေလိုက်သည်

Chae:"လာဘီLiLiရေ"

Lisaရောက်ရင် အကြာကြီး စောင့်နေရမှာဆိုး၍ အဆင်သင့်ပြင်ဆင်ထားသော ပိုက်ဆံအိတ်ကိုလွယ်ကာ ခြံရှေ့သို့ ကပျာကသီ
ထွက်လာလိုက်သည်

Chae:"LiLi"

ခြံရှေ့မှာကား​ကိုမှီကာရပ်စောင့်နေသော LiLiက ခေါ်သံကြားကြားချင်း ပြုံး၍လှည့်ကြည့်လာသည်

Chae:"သွားရအောင် LiLi "

Lisa:"chae ပြီးရင် သွားကြမယ်လေ "

Lisaကားနဲ့အတူ ၂ယောက်သားထွက်လာခဲ့ကြသည်

"chaeyoung yarrr.."

LiLi နဲ့ အကျီ်ရွေးနေရင်းနောက်မှနာမည် လှမ်းခေါ်သံကြားသဖြင့် ခေါင်းလှည့်ကာ ခေါ်သံရှိရာကိုရှာကြည့်လိုက်သည်

"ဟာ..Unnie ဘယ်လိုလုပ်"

Jisoo:" Unnie ဂျူတီမရှိတဲ့အချိန်​
ဝယ်စရာလေးရှိလို့လာရင်း chae ကိုတွေ့လို့လှမ်းခေါ်လိုက်တာ "

Lisa:" ဘယ်သူလဲ chae အသိလား"

Chae:"အွန်းဟုပ်တယ် LiLi ရဲ့ နာမည်က Kim Jisooတဲ့ Chae အစ်မဆိုလည်းဟုပ်တယ် သူငယ်ချင်းဆိုလည်းဟုပ်တယ်ပီးတော့ဒေါက်တာလေ"

Jisoo:" LiLiဆိုတာ chae ပြောတဲ့ Lisa လား"

Lisa:" ဟင် Kim JisooUnnieကLiLiကိုသိနေတာလား"

Jisoo:" သိတာပေါ့ Lisaအကြောင်းကို Chae က Unnie ကိုခနခနပြောပြတယ်လေ လူချင်းသာအခုမှတွေ့ဖူးပေမယ့် နာမည်ကတော့ရင်းနှိီးနေတာကြာဘီ "

YOU'RE THE REASON OF MY SMILEWo Geschichten leben. Entdecke jetzt