Part-9🌹🌻

266 28 5
                                    

ဟိုအရင်ကတခြားရည်ရွယ်ချက်နဲ့chaeyoungအနားရောက်ဖို့ကြိုးစားခဲ့ပေမယ့်Chaeလို့LiLi  အမြတ်တနိုးခေါ်တဲ့ ဒီအမျိုးသမီးလေးကိုအမှန်တကယ် ချစ်မိသွားပြီးနောက်ပိုင်းမှာ ......

အနားရှိချိန် သူမမျက်နှာလေးကိုဘေးတိုက်လေး ငေးကြည့်ရတာကို
သဘောကျလာတယ်

ကိုယ်မပိုင်ဆိုင်ရသေးတဲ့ ဒီအမျိုးသမီးလေးရဲ့ ကိုယ်သင်းရနံ့လေးတွေကိုခုံမင်လာတယ်

သူမရဲ့ ပုခုံးသားဖြူဖြူဖွေးဖွေးလေးပေါ် အမြဲလိုလို ဖြန့်ချထားတဲ့ ရွှေဝါရောင်ဆံနွယ်လေးတွေကို  လမ်းအတူလျှောက်နေချိန် မထိတထိခိုးနမ်းရတာကိုသဘောကျလာတယ်

သဘောကျခြင်းတွေ သဘောကျခြင်းတွေက
သူမကိုသာ မှီတည်တယ်
သူမအဆီက အရင်းခံတယ်

LiLiရဲ့ပျော်ရွှင်မှု အရာရာတိုင်းက သူမနဲ့တိုက်ရိုက်သက်ဆိုင်လာတယ်

ကိုယ့်အပြုအမူ အပြောအဆိုတခုကြောင့်
သူမစိတ်ထိခိုက်သွားမလား ဝမ်းနည်းသွားမလားနာကျင်သွားမလားလို့တွေးပေးဖြစ်လာတယ်

နေရာတိုင်းမှာ သူမအတွက်က အရင်ဖြစ်ပြီး
ကိုယ့်အတွက်က နောက်မှဖြစ်လာတယ်

တနေ့နေ့မှာ သူမဟာ
ကျမအပိုင်လူသားလေးဖြစ်လာမယ် ဖြစ်မလာဘူးမပြောနိုင်သေးပေမယ့်

အရာရာတိုင်းမှာ
chaeyoungကLisaရဲ့ကျန်ရှိနေတဲ့ သက်တမ်းတစ်လျှောက်လုံး ပထမဦးစားပေးပြီး ချစ်ပေးဖို့ ဂရုစိုက်ပေးဖို့ ရွေးချယ်ထားတဲ့
ပထမဆုံးနောက်ဆုံးနဲ့တစ်ဦးတည်းသော
အမျိုးသမီးလေးပါဘဲ

အခုလည်း ထိုင်းကိုပြန်ဖို့ လေယာဥ်ပေါ်တက်ခါနီး chaeကို ဖုန်းဆက်ပြီးနှုတ်ဆက်ရန်  video callခေါ်လိုက်သည်

"hi.. LiLi"

ထိုင်းပြန်ခါနီး Ph screenပေါ်က ချစ်ရတဲ့ရွှေဝါရောင်ဆံနွယ်ပိုင်ရှင်လေးကိုမြင်လိုက်ရသည်နှင့် မွေးရပ်မြေကိုပြန်ရမည့်ခြေလှမ်းတို့ပင် တွန့်ဆုတ်မိသည်အထိ ဖြစ်ရသည်

Lisa:"LiLi ထိုင်းပြန်ဖို့ လေဆိပ်ရောက်နေဘီchae "

Chae:" LiLi ဟ်ိုရောက်ရင်ကျန်းမာရေးဂရုစိုက်နော် ထမင်းလည်းပုံမှန်စား ကော်ဖီတွေအရမ်းမသောက်နဲ့နော် ပီးတော့ရောက်ရင် chaeဆီလည်းဖုန်းဆက်အုံး"

YOU'RE THE REASON OF MY SMILEOpowieści tętniące życiem. Odkryj je teraz