Part-14🌹🌻

215 25 2
                                    

ကော့စမွီကျွန်းကနေပြန်ရောက်ရောက်ချင်း နောက်နေ့ပင် ကုမ္ပဏီ သို့အလုပ်တန်းမဆင်းဘဲ နံနက်စောစော အတိတ်က ချစ်ချင်းတရားတို့အတူရှိခဲ့တဲ့ ချယ် ရဲ့ပန်းနုရောင် တိုက်အိမ်လေးသို့ လီဆာကားမောင်းထွက်လာခဲ့လိုက်သည်

ခြံထဲသို့မဝင်ရဲ၍ ကားပေါ်မှာထိုင်ကာ ခြံထဲသို့လှမ်းမျှော်ကြည့်နေရှာသည် ထိုစဥ်ခြံထဲမှ အနီရောင်ကားလေးမောင်းထွက်သွားသဖြင့် ထိုကားနောက်သို့ လီဆာနောက်ယောင်ခံကာလိုက်ခဲ့သည်

အနီရောင်ကားလေးကတစ်စိုက်မက်မက်စွာ Jisoo Unnieတာဝန်ကျရာဆေးရုံသို့ရောက်
လာခဲ့သည် ထိုစဥ်ကားထဲမှ ပထမဆုံးထွက်လာသည်မှာ အဖြူရောင်ဂျူတီကုတ်လေးကိုလက်မှာချိတ်ထားသော jisoo unnie ဖြစ်ပြီး
နောက်တစ်ယောက်မှာ အနှစ်နှစ်အလလ သူမစောင့်မျှော်နေသော ချယ်ယောင်းပင်
ဖြူဖွေးလွန်းလှသောအသားအရည်နှင့်လိုက်ဖက်စွာ အဝါရောင်ဆွယ်တာအင်္ကျီလေးကို အနက်ရောင်ဘောင်းဘီရှည်လေးနဲ့စမတ်ကျစွာဝတ်ဆင်ထားပြီး ရွှေဝါရောင်ဆံပင်လေးကို အနတ်ရောင်ဖဲပြားအကြီးကြီးနဲ့ လိုက်ဖက်စွာလှပနေသော ချယ်ယောင်းသည် lisa ၏မျက်လုံးထဲတွင် မျက်စိမခွာနိုင်အောင် မတအားလှပနေလေတော့သည် လီဆာ ချယ်ယောင်းကိုကားထဲကနေ မျက်လုံးကျွတ်ကျမတတ်ကြည့်နေရင်း ရုတ်တရက်ဖုန်းထမြည်လာသဖြင့်

Lisa:" Hello Unnie Jen ဘာဖြစ်လို့လဲ"

Jen:"LiLiရေ အခုဘယ်မှာလဲ အတွင်းရေးမှူးကင် ခြေချော်ပြီးလှေကားပေါ်ကပြုတ်ကျတာ သတ်ိလစ်သွားလို့ အခုအရေးပေါ်ကားနဲ့ဆေးရုံသွားနေဘီ "

Lisa:" ဘယ်ဆေးရုံလဲ Unnie "

Jen:" ကုမ္ပဏီနဲ့ နီးတဲ့ Jisoo Unnieရှိတဲ့ဆေးရုံကို အက်ကိုလာခဲ့ lili"

Lisa:" LiLiအခု အက်ဆေးရုံရှေ့ရောက်နေတာ LiLiဆေးရုံရှေ့ကနေစောင့်နေမယ် ဒါနဲ့အတွင်းရေးမှူးကင် မိသားစုတွေကိုရောအကြောင်းကြားပြီးဘီလား "

Jen:"အွန်းးအကြောင်းကြားထားပြီးဘီ ခနနေရောက်လာကြလိမ့်မယ် Unnie တို့ ကုမ္ပဏီမှာဖြစ်တာဆိုတော့ Unnieတို့တာဝန်ရှိတယ် ဆေးရုံကုန်ကျစရိတ်တွေအားလုံးကို LiLi ဖြေရှင်းပေးခဲ့လိုက်နော် Unnie အစည်းအဝေးသွားရအုံးမှာမို့ လိုက်မလာတော့ဘူးနော် LiLi အိုခေတယ်မလား"

YOU'RE THE REASON OF MY SMILEDonde viven las historias. Descúbrelo ahora