Part-16🌹🌻

317 30 14
                                    

Jen:"လီလီ ကုမ္ပဏီနှစ်ပတ်လည်ပွဲအတွက်
ဖိတ်စာတွေပေးဖို့မမေ့နဲ့အုံးနော်"

Lisa:"ဟုပ်ကဲ့Unnie ချယ်ကလာပါ့မလားဟင်"

Jen:"ဖိုးဖိုးကိုယ်တိုင်အထူးဧည့်သည်အနေနဲ့ဖိတ်ခိုင်းထားတာဘဲ ချယ်လာမှာပါ ပုဂ္ဂိုလ်ရေးရာနဲ့စီးပွားရေးရာအကြောင်းကိုခွဲခြားတတ်တဲ့လူဘဲလီလီရယ် လီလီအဆင်မပြေရင် Unnieကိုယ်တိုင်ဖိတ်လိုက်မယ်လေ"

Lisa:"အာ့ဆိုအက်လိုဘဲလုပ်ကြမယ်လေ ချယ်နဲ့လီလီကအရင်လိုဆက်ဆံရေးမဟုပ်တော့ လီလီဖိတ်တာဆိုရင်မလာမှာဆိုးလို့"

Jen:"ဟုပ်ပါဘီ ကဲသွားကြရအောင် ဒီနေ့
ကုမ္ပဏီကို Unnieနဲ့လိုက်မှာလား"

Lisa:"ဟင့်အင်းး လီလီဘာသာဘဲကားမောင်းသွားလိုက်မယ် ဝင်စရာနေရာရှိသေးလို့"

Jennie ကုမ္ပဏီထွက်သွားပြီးမကြာမှီ Lisaလည်း ပြင်ဆင်ကာ ကားမောင်းပြီးတစ်နေရာသို့ထွက်လာခဲ့သည်

​တစ်ချိန်ကဝင်ထွက်နေကြပျော်စရာရင်ခုန်စရာများစွာနှင့်ပြည့်နှက်နေခဲ့သော ပန်းနုရောင်တစ်ထပ်တိုက်လေးတည်ရှိတဲ့ ခြံဝန်းလေးရဲ့မလှမ်းမကမ်းအကွာကနေ
ကားရပ်ကာခြံထဲရှိ ဒန်းလေးပေါ်မှာ နှင်းဆီပွင့်လေးကိုကိုင်ပြီး မြတ်နိုးဖို့ကောင်းလွန်းလှတဲ့ရွှေဝါရောင်ဆံနွယ်လေးတွေကို ဖြန့်ချထားကာထိုင်နေတဲ့ချစ်ရသူကိုအဝေးကနေ မြတ်မြတ်နိုးနိုးးး ကြည့်နေရတဲ့အခိုက်အတန့်လေးဟာ Lisaအတွက်တော့ ဖော်မပြနိုင်အောင်ပင်တန်ဖိုးကြီးလေသည်

Lisa:" ပန်းလေးတွေက ချယ်ရဲ့အဖော်လေးတွေလို့ပြောခဲ့တဲ့ ဒီကောင်မလေးရဲ့ အပြုအမူတွေကအခုထိအရင်တိုင်းပါဘဲလား ချယ်"

~~~~~~~~~~~

ဒေါက်....ဒေါက်

"ဝင်ခဲ့ပါ"

"CEO ကျမကိုခေါ်တယ်ဆို"

Jen:"အွန်းးးဒီဖိတ်စာလေးကိုလေ
ရှေ့နေ Roseanne Park ဆီကိုသွားပို့ပေးပါလားကျမကိုယ်တိုင်အစကသွားဖိတ်မို့ဘဲ
နေ့လည်အစည်းအဝေးနဲ့ဆိုတော့ဘယ်လ်ုမှအချိန်မရလို့ အတွင်းရေးမူးဂင်ကိုလွှတ်ရတာက လီလီအတွင်းရေးမှူးဆိုတော့ သူနဲ့ရင်းနှီးမယ်ထင်လို့"

You've reached the end of published parts.

⏰ Last updated: Sep 26, 2023 ⏰

Add this story to your Library to get notified about new parts!

YOU'RE THE REASON OF MY SMILEWhere stories live. Discover now