Part-12🌹🌻

275 27 8
                                    

"မြေးလေး ချယ်ယောင်းရေ"

Chae:"ရှင်...ဘာများလဲ ဖိုးဖိုး"

"​မြေးလေးကို VIP အမှုတစ်ခုရှေ့နေလိုက်စေချင်တယ်ဖိုးဖိုးတို့မိတ်ဆွေမို့ ဒီအမှုကို မြေးလေး ​ကိုဘဲ ကိုင်တွယ်စေချင်တယ်မြေး လုပ်နိုင်မယ်လို့လဲထင်တယ် "

Chae:"ဟုတ် ဖိုးဖိုး အမှုသည်က ဘယ်သူများလဲ"

" ထိုင်းနိုင်ငံမှာရှိတဲ့အကြီးဆုံးခရီးသွားဝန်ဆောင်မှုလုပ်ငန်း HRကုမ္ပဏီပိုင်ရှင်
ခွန်အမ်မီးလေမြေးလေး ​သိတယ်မလား  "

Chae:"ချယ်ကြားဖူးပါတယ်ဖိုးဖိုး သူကဘာအမှုဖြစ်လို့လဲ"

"မြေးလေး သူ့ဆီသွားပြီးတော့သာ ကိုယ်တိုင်မေးမြန်းလိုက်တာပိုကောင်းမယ်ထင်တယ် ဖိုးဖိုးလည်းသေချာမသိဘူး အိမ်ထောင်ရေးကိစ္စရော ငွေကြေးလိမ်လည်မှု​ေကာလို့တော့သိထားတယ် မနေ့ကဖိုးဖိုးဆီဖုန်းဆက်ပြီး ဖ်ိုးဖိုးတို့ အကျိုးဆောင် ကုမ္ပဏီ က အတော်ဆုံးရှေ့နေတစ်ယောက်ကိုအမှုအပ်ချင်တယ်လို့ဆက်သွယ်လာလို့မြေးလေး ကိုအခွင့်အရေးပေးတာ ဒီအမှုအောင်ရင်မြေးလေး ​ဖြစ်ချင်တဲ့ဆန္ဒတစ်ခု ဖြစ်ခွင့်ပေးမယ်"

Chae: ချယ်ကြိုးစားပါ့မယ် ဖိုးဖိုးကတိတော့ ဖိုးဖိုးတည်ပါစေနော်...ဟီး"

"တည်ပါ့မယ် ဗျာ..."

Chae:"အာ့ဆို ချယ် မနက်ဖြန်ဘဲ ချယ့်လက်ထောက် ဆောအူ နဲ့ မီယွန်း ကိုပါခေါ်ပြီး သွားလိုက်တော့မယ်"

ချယ်လည်းနောက်နေ့ရောက်တော့ သူ့လက်ထောက်၂ယောက်နဲ့အတူ
အမှုသည်ရှိရာကိုထွက်လာခဲ့သည်။

~~~~~~~~~~
လီဆာသူ့ရုံးခန်းထဲသို့ဝင်ဝင်လာချင်း
သူ့ဌာနမှာရှိတဲ့ဝန်ထမ်းအားလုံးကသံပြိုင်ဖြင်​့

"ရာထူးတိုး​သွားတဲ့အတွက် ဂုဏ်ယူပါတယ်...ဒါရိုက်တာချုပ်လီ"

"ဘာဒါရိုက်တာချုပ်လီ လဲ ငါတို့ဒါရိုက်တာကြီးက ဒုဥက္ကဌဖြစ်သွားဘီလေ ဒုဥက္ကဌလီ လို့ပြောင်းခေါ်ရတော့မှာလေ "

"ဟုပ်သားဘဲ ကဲနောက်တစ်ကြိမ် ဂုဏ်ယူပါတယ်ဒုဥက္ကဌကြီး"

Lisa:"ကျေးဇူးတင်ပါတယ် ရှင် အားလုံးဘဲ ကောင်းသောမနက်ခင်းပါ"

YOU'RE THE REASON OF MY SMILEOpowieści tętniące życiem. Odkryj je teraz