part 1 (uni)

1.9K 120 49
                                    


"ဘာလို့ငါ့ကိုဒီလောက်တောင်ရက်စက်နိုင်ရတာလဲကွာ ငါကဘာချို့ယွင်းချက်တွေများရှိနေလို့ငါ့အပေါ်သစ္စာဖောက်နိုင်ရတာလဲ အဲ့ကောင်ကဘာမြန်းပိုသာနေလို့လဲ"

10ကျော်သက်အရွယ်ဟာ ဘ၀ရဲ့အပြောင်းအလဲအများစုဖြစ်တည်ရာအချိန်အပိုင်းဖြစ်သည်။
ထိုအပြောင်းလဲများကို လက်ခံကာအကောင်းဆုံးလုပ်နိုင်စွမ်းပေါ်မူတည်ပြီး အနာဂတ်လှသွားတဲ့လူနဲ့အနာဂတ်မဲ့သွားတဲ့လူဆို၍ 2မျိုးကွာခြားသွားသည်။
လူတွေကလဲဘ၀ထဲကနေ၀င်လိုက်ထွက်လိုက်နဲ့ မိတ်ဆွေစစ်မိတ်ဆွေတု ခွဲခြားနေရသောအပိုင်းအခြားလဲဖြစ်သည်။

ခုလဲ 10ကျော်သက်.. 18နှစ်အရွယ် build Jakapan က ၁၀ကျော်သက်တိုင်းလိုလိုမရှောင်လွှဲနိုင်တဲ့ အသဲကွဲရောဂါဆိုတဲ့ကပ်ဆိုးကို ခံစားကာအခန်းထဲမှာ တစ်ယောက်ထဲ
ပုလင်းထောင်နေရသည်။

မျက်၀န်းထဲကစီးကျနေတဲ့မျက်ရည်တွေလဲမသုတ်မိ။သုတ်ဖို့လဲအင်အားမရှိတာကြောင့် လွတ်လွတ်လပ်လပ်စီးကျခွင့်သာပေးလိုက်သည်။
ဘ၀အဆက်ဆက်ထိုလိုမိန်းမနဲ့မတွေ့ပါစေနဲ့လို့ဘုရားသွားတိုင်းဆုတောင်းရုံကလွဲပြီးဘာမှမတက်နိုင်တော့ဘူး။

ကိုယ့်ဟာကိုအသဲလေးဆက်ဖို့အရေး အခါးရည်နဲ့ဆေးနေရတာမို့ အခန်းတံခါးလက်ကိုင်ဘုကိုမမှီတစ်မှီခြေဖျားထောက်လှည့်ကာ အခန်းထဲ၀င်လာတဲ့
လုံးလုံးတုတ်တုတ်အသေးလေးကို သတိမထားမိလိုက်။

ခေါင်းကိုလာပုတ်တဲ့လက်ဖ၀ါးသေးသေးလေးကြောင့် မော့ကြည့်မိတော့ ၀ိုင်းစက်နေတဲ့မျက်လုံးလေးနဲ့
နူးနူးအိအိပါးဖောင်းဖောင်း ပေါင်းစက်ထားတဲ့ပေါက်စီလုံးလေးကိုတွေ့လိုက်ရသည်။

"ဟေးးပေါက်စီလေးဘယ်လို၀င်လာတာလဲ"

အမေးကိုမဖြေပဲ အခန်းတံခါးကိုလက်ညိုးနဲ့ထိုးပြကာသူ့ရှေ့ကိုတိုးလာသည်။

"ငိုနေတာယား"

မပီကလာ ပီကလာနဲ့သူ့ ပါးပေါ်ကမျက်ရည်တွေသုတ်ပေးလာကာ သူဘယ်နားနာနေလဲ စစ်ဆေးနေတဲ့ကိုယ်တော်ချောကြောင့်

"မဟုတ်ပါဘူးသခင်လေးရယ် မျက်လုံးထဲဖုန်၀င်လို့ပါ"

"လာ  သားမှုတ်ပေးမယ်"

Born to be build's biggest problem(completed) Where stories live. Discover now