" wichapas ဘာဖြစ်လာတာလဲ"
"အိမ်ပေါ်ကဆင်းလာတာ"
"ဟဲ့နင့်အသက်၂၀ကျော်တာမှတော်တော်လွန်နေပြီ အိမ်ထောင်လဲရှိနေပြီကို အဲ့အိမ်ပေါ်ကဆင်းတဲ့ကိစ္စကမပြီးသေးဘူးလား"
"မေမေဘာသိလို့လဲ အဲ့အိမ်ထောင်ကြောင့်ဆင်းလာရတာ"
"ဘာဖြစ်လာကြတာတုန်း"
"မေမေပဲစဥ်းစားကြည့်ဗျာ" ငိုသံကြီးပါဆွတ်လာတာမို့ မာမားကသူဘေးနားပြောင်းထိုင်ကာ ပုခုံးလေးကိုပုတ်ပေးရှာသည်။
လွန်ခဲ့သော ၃နာရီက
"Khun ကျွန်တော်တို့နဲ့လိုက်ခဲ့ပါလား"
ရုံးမှာဒီတစ်ခေါက်လုပ်တဲ့ project ကအောင်မြင်သွားတာမို့ clubမှာသွားပြီးအောင်ပွဲခံဖို့ပြင်နေကြသည်။ထို့ကြောင့်သူ့ကိုအတင်းခေါ်နေတာပင်။
"ဟိုကျွန်တော့အမျိုးသား...."
"ဒီ project က khun ဦးဆောင်တာလေ
ဇာတ်လိုက်မပါပဲဇာတ်ဘယ်လိုကမလဲ
ကျွန်တော်တို့လဲသောက်ရုံတင်ပါ ဘာမှခေါ်မထားပါဘူး khun အမျိုးသားလဲ khun မပြောရင်ဘယ်လိုမှပြန်မသိပါဘူး လိုက်ခဲ့လိုက်ပါ"အတင်းခေါ်နေတာမို့အားနာတာကတစ်ကြောင်း သူလဲနည်းနည်းပါးပါးသောက်ချင်တာကတစ်ကြောင်းမို့ bui ကိုအလုပ်မှာအချိန်ပိုဆင်းရမည်ဟုလိမ်ပြီးစာပို့ကာလိုက်ခဲ့လိုက်မိတာ
Buibui စော်ကားငရဲလားဆိုသလိုပဲ
Buibui ကိုလိမ်ပြီးလိုက်ခဲ့တာငါးပါးမှောက်ယုံတင်မကတင်မကသံဃာစင်ပါကျိုးကျတော့တာပဲ။ဘာမှမခေါ်ထားဘူးဆိုတဲ့စကားကတော့မှန်သည် ဘာလို့လဲဆိုတော့ဘာမှခေါ်စရာမလိုအောင်ကို strip club ဖြစ်နေလို့ပဲ
နေရာတိုင်းမှာ၀တ်လစ်စလစ်မိန်းကလေးတွေရောယောင်္ကျားလေးတွေရောအပြည့်မို့
သောက်ချင်တဲ့စိတ်လေးတောင်ကြက်ပျောက်ဌက်ပျောက််ဖြစ်သွားကာဘူသွားရသည်။ရုံးကလူတွေအလစ်မှာအမြန်ချက်ချင်းခိုးထွက်လာခဲ့ပေမယ့် club နာမည်ကိုမကြည့်မိတာသူ့အမှားပဲ။
အိမ်ရောက်တော့အိမ်ရှေ့မှာသူ့အထုတ်လေးတွေကစီလို့ ။
အကျိုးအကြောင်းပြောကာရှင်းပြဖို့လုပ်ပေမယ့် အိမ်သူသက်ထီးက မျက်နှာကြောတင်းတင်းနဲ့ call record လေးတစ်ခုကိုဖွင့်ပြကာ
'အချိန်ပိုလုပ်နေရတာပျော်ရဲ့လား'
ဆိုပြီးမေးလာတာမို့ ပါးစပ်လေးပိတ်ကာအတွန့်မတက်ရဲပဲဆင်းလာရသည်။Call record ထဲမှာတော့ "ဟျောင့်မင်းယောင်္ကျားလေး ငါ့ clubရောက်နေတာသိလား"ဆိုတဲ့ P'Apo ရဲ့အသံသြသြကြီး။
_________________
"ယောင်္ကျားတွေမကောင်းဘူးမေမေရယ်""နင်လဲယောင်္ကျားပဲကို"
"မေမေရယ် သားကလေ...."
"Bible Bible! "
အိမ်ရှေ့ကစာစာ စာစာအသံကြောင့်အခုနကမိုးပြိုတော့မယ့်မျက်နှာဘေးနဲ့ချန်ပီယံက
သခင်ကိုမှတ်မိတဲ့ခွေးကလေးလိုပြေးထွက်သွားတာအမှီးလေးကိုနှံ့လို့ခုချိန်မှာ၂ယောက်သားကသွေးပူနေတာမို့လွန်လွန်ကြူးကြူးတွေဖြစ်မှာဆိုးလို့
အနောက်ကနေမာမားက ပြေးလိုက်သွားပေမယ့်"အိုအို ကျွတ်ကျွတ် ကိုကို့ဘိုင်ဘန်လေးအရမ်းစိတ်မကောင်းဖြစ်သွားတာလား"
"ဟုတ်..အင့်..ဟုတ်တယ်"
"ကိုကိုတောင်းပန်တယ်နော် ကလေးလေးကသိတာနဲ့ချက်ချင်းထွက်ခဲ့တာကို ကိုကိုကမသိပဲဆူမိတာ"
ပုပုလုံးလုံးလေးနဲ့လူရဲ့ရင်ခွင်သေးသေးလေးထဲ ခါးကြီးကုန်းကာအတင်း၀င်တိုးပြီး ရှိုက်ပါရှိုက်ပြနေတာမို့ Bible မေမေကတော့ ခါးထောက်ကာ သူ့သားကိုအင်မတန်ရွံ့ရှာဖွယ်
အကြည့်နဲ့ကြည့်နေသည်။ဘယ်လိုတောင်လဲ။
တစ်ဖက်အကောင်အသေးလေးကတော့ သူ့သား လက်၀ှေ့ခန္ဓာကိုယ်နဲ့ကောင်ဇွတ်နွဲ့နေတာကို
အရမ်းစိတ်မကောင်းဖြစ်နေတယ်ထင်ပြီးခေါင်းလေးကိုပုတ်ပေးနေရှာသည်။အော်ဒီ၂ယောက် လိုက်လဲလိုက်ပါတယ်။ခနနေတော့ အခုနက ယောင်္ကျားတွေမကောင်းဘူးဆိုပြီးအိမ်ပေါ်ကဆင်းလာတဲ့ wichapas ကကိုကိုကတော့အရမ်းကောင်းတယ်ဆိုပြီး
အထုတ်ကြီးဆွဲပြီးပြန်လိုက်သွားတော့တာပဲ။ဒီ၂ယောက်ရဲ့ပတ်သက်မှုက 528ရော 1500ရောပေါင်းပြီး 2028လောက်ရှိတာမို့လို့
ဘယ်သူခွဲခွဲတို့မကွဲပဲ!။ အချစ်တွေကလျော့ခြင်းမရှိ ပျောက်ပျယ်ခြင်းမရှိ ပြောင်းလဲခြင်းမရှိ။အာ...ပြောင်းလဲတာတစ်ခုတော့ရှိတယ်
အရင်က
"Buibui ဘိုင်ဘန် buibui ကိုအာဘွားပေးမယ် ဘိုင်ဘန့်ကိုဟိုမုန့်လေး၀ယ်ကျွေးနော်"
ကနေ
"Buibui စားချင်တဲ့မုန့်လေး၀ယ်ကျွေးပါ့မယ်
ကျွန်တော်ကိုအာဘွားပေးပါ့လား"သိို့ပြောင်းတာလေးတစ်ခုပဲ။
The end
-J
ပြီး၀ါးပြီ ʕ •ᴥ•ʔ တာ့တာ
YOU ARE READING
Born to be build's biggest problem(completed)