part 3 (uni)

928 112 30
                                    

သွေးထွက်သံယိုဖြစ်တယ်ဆိုတာကဟုတ်သည်။ဒါပေမယ့် သူ့လူမဟုတ်ပါ တစ်ဖက်ကလူတွေသာကွဲပြဲလို့။ သူ့မျက်စိထဲ လက်သီးဆုပ်လေးနဲ့ အရုပ်တွေကို ထိုးဆော့တဲ့အရွယ်ပဲရှိသေးတဲ့  Bible ကဒီလိုလူ၅ယောက်ကို အနိုင်ချနိုင်တဲ့အရွယ်ရောက်ပြီဆိုတာလက်တော့လက်ခံသင့်နေပြီ။
ဒါပေမယ့် 16နှစ်အရွယ်လေးက ဘာလို့ဒီလောက်တောင် သန်မာရတာလဲ။

တစ်ဖက်မိဘတွေကိုခါးကျိုးမတက်တောင်းပန်လိုက်ရပြီး ပြန်လာခဲ့တဲ့ အိမ်ပြန်လမ်းက ငြိမ်သက်နေတယ်။

"Bui ကျွန်တော်..."

"မင်းတစ်ခွန်းမှမဟနဲ့ ငါဒေါသထွက်နေတယ်
ငါဘယ်ချိန်ထိခုလိုလိုက်တောင်းပန်ပေးရမှာလဲ"

ငယ်ငယ်က သားသားဒါမှမဟုတ်သူ့ကိုယ်သူဘိုင်ဘန်လို့ခေါ်ကချွဲတတ်တဲ့ကလေးကခုဆို အရွယ်နဲ့မလိုက်အောင်တည်ငြိမ်ပြီးစကားပြောတာလူကြီးဆန်လာသည်။
ခုလဲကျွန်တော်ဟုသုံးပြီးစကားစလာတော့
Buiရင်ထဲတစ်မျိုးခံစားရသည်။
တည်ငြိမ်ရင့်ကျက်ပြီးသူ့ကိုစွန့်ခွာတော့မည်ဟုလဲခံစားရသည်။

အတောင်အမွှေးစုံလို့ပျံသန်းတော့မယ့်ငှက်ပေါက်ကိုတသသဖြစ်နေတဲ့ငှက်အမေကြီးလိုပဲငါလခွီး။

ကားကိုအာရုံစိုက်မောင်းနေရင်း ဒေါသထွက်တာမှန်းသိသာအောင်မျက်ခုံးကိုတွန့်ချိုးထားလိုက်သော်လဲ 
မထီမဲ့မထင်နဲ့ ပါးကိုထိကပ်လာတဲ့နှုတ်ခမ်းပါးပါးကြောင့် car steering wheel ကိုကိုင်ထားတဲ့လက်၂ဖက်ကတင်းကနဲဖြစ်သွားသည်။ 

"ကျွန်တော့ပြောတာနားထောင်ပေး ဒီတစ်ခါလဲ
ကျွန်တော့်ဘက်ကအမှန်မို့"

မွ!

နောက်ထပ်တစ်ကြိမ်ထိကပ်လာတဲ့နှုတ်ခမ်းပါးကိုမတားရင် ကားမတော်တဆမှုဖြစ်ကုန်တော့မှာ။

"တော်ပြီမင်း ကလေးလဲမဟုတ်တော့ဘူး
ငါ့ကိုအဲ့လိုချော့တိုင်းမပျော့ဘူး မင်းပြသာနာရှာတာတွေများနေပြီ တီတီနဲ့ဦးဦးကိုအားနာအုန်း"

"ပြသာနာရှာတာမဟုတ်ဘူး ပြသာနာကလာရှာတာ"

"ငါ့ကိုလာကန့်လန့်မတိုက်နဲ့ wichapas !"

Born to be build's biggest problem(completed) Where stories live. Discover now