part 2(uni)

1K 107 30
                                    

"ဘိုင်ဘိုင် နင့်ကိုကိုကလှတာ စညိုး၀ှိုက်လိုပဲ
ခင်အောင်လုပ်ပေး"

ဒီခေတ်ကလေးတွေအတော်တက်သည်။
Bibleမားတို့ကအမြဲအလုပ်တွေနဲ့မအား။
သူ့မေမေတို့ကလဲ သွားစရာရှိနေသည်မို့
အသက်ပြည့်နေပေမယ့်လဲ 109 110 ဖြစ်နေတဲ့သူကပဲ Bible ကျောင်းကကျင်းပတဲ့ kid talentပွဲ အသေးစားလေးကိုလိုက်ခဲ့ရသည်။

"အကိုမဟုတ်ဘူး ဖေဖေ"

Wichapas ငါ့ကိုကွယ်ရာမှာကိုကိုဆိုပြီးသာမခေါ်ရင်ဒီကလေးငါနဲ့အမြဲနေပြီးငါ့ကိုသူအဖေထင်နေပြီလိို့တွေးမိမှာပဲ။ဘာကိစ္စဒီလိုပြောနေရတာလဲတော့သိပ်နားမလည်။

ခုလဲ  bui ကိုလှတယ်ဆိုပြီးမိတ်ဆက်ခိုင်းတဲ့ ၃နှစ်အရွယ်သူ့သူငယ်ချင်းကလေးမလေးကို
ဖေဖေဆိုပြီးငြင်းပြန်သည်။

"နာသိတယ် ဖေဖေမုတ်၀ူး ကိုကိုလိို့ခေါ်တာကြားဒယ်"

Sumettikul သခင်လေးစိတ်ရှုပ်လေပြီလေ ခက်ကျဲကျဲမျက်ခုံး၂ခုကိုတွန့်ချိုးကာ

"အာ့ငါ့မင်းသားလေး မပေး၀ူးး ရှူးးရှုးးး
၀ေး၀ေးတွား"

ခွေးမောင်းသလိုတရှူးရှူးလုပ်ကာစကား၀ူး၀ူး၀ါး၀ါးတွေပြောနေတာမို့ bui ကပဲပွေ့ချီလိုက်ရသည်။တော်ကြာ၃နှစ်သခင်ကြီးနဲ့၃နှစ်သခင်မကြီးရန်ဖြစ်ရင်မကောင်းဘူးမလား။

"P'bui လို့ခေါ်ပါတယ်ကလေးလေး တွေ့ရတာ၀မ်းသာပါတယ်နော်"

ခေါင်းလေးကိုဖွပေးလိုက်တော့ကလေးမလေးကတစ်ခစ်ခစ်ရီကာ ထွက်ပြေးသွားသည်။
နောက်မှချီထားတဲ့မျက်နှာသေးသေးကိုဖူးမျှော်လိုက်တော့ နှုတ်ခမ်းကတစ်တောင်လောက်ထွက်နေပြီမို့
ထွက်နေတဲ့နှုတ်ခမ်းကို လက်ညိုးနဲ့လက်မပေါင်းကဖွဖွလေးလိမ်ဆွဲလိုက်သည်။

"အဲ့လိုသ၀န်မတိုရဘူးလေ Bible "

"မရ၀ူးတိုမှာ"

________________________________________

"ကဲလူကြီးတွေအားလုံးပဲနေရာယူကြပါနော်  ပွဲစပါတော့မယ်"

တခြားကလေးတွေကတော့သူ့တို့လုပ်တက်တာလေးတွေလုပ်ပြသည်။ကပြတဲ့သူနဲ့။အိမ်ကနေ  handmadeလုပ်လာတဲ့လူနဲ့။ အစကတော့  bui သည် teenagerယောင်္ကျားလေးတို့သဘာ၀ ဒီလိုကလေးတွေနဲ့ရှုပ်ရှုပ်ရှက်ရှက်ပွဲတွေကိုမတက်ချင်ပါ။
စိတ်ရှုပ်ရသည်လေ။

Born to be build's biggest problem(completed) Where stories live. Discover now