မွေးထဲကပါလာတဲ့ဗီဇဟာဘယ်တော့မှဖျောက်မရဘူးဆိုတာတကယ်မှန်သည်။
မွေးကတည်းကတဇွတ်ထိုး Bible ကကြီးလာတော့လဲတဇွတ်ထိုး Bible ပဲ။ တဇွတ်ထိုး Bible အသေးလေးနဲ့ တဇွတ်ထိုး Bible ကြီးကြီး ပဲကွာသွားတာ။ကျန်တာအကုန်တူတူပဲ!"မင်းဘယ်လောက်ထိလုပ်နိုင်မှာလဲ"ဆိုပြီးစကားနဲ့စိန်ခေါ်သွားတဲ့ bui က ၃ ၄ရက်အတွင်းမှာ သူဘယ်လောက်လုပ်နိုင်လဲဆိုတာကိုသိနေရပြီ။
ခုလဲစာရင်းလုပ်နေတဲ့သူ့ကိုပေါင်ပေါ်တင်ထားတာ နောက်ကနေသိုင်းဖက်ပြီးဂုတ်သားဖြူဖြူလေးကိုတွေ တစ်ဖွဖွနမ်းနေသည်။
"Bible ကိုကို စာရင်းတွေမှားကုန်မယ်လေ တော်ပြီ"
"မရဘူး"
Bui ကလေပြေအေးတရားနဲ့မရတော့ဘီလူးဆိုင်းတီးဖို့ပြင်လိုက်သည်။
"ဖယ်တော့ သွား မင်းကိုမလက်ခံဘူးအိမ်ပြန် ဘယ်နှယ့်မိုးလင်းကနေမိုးချုပ် သူများအိမ်မှာလာနေပြီး အရည်မရအဖတ်မရ..."
ပြောနေရင်းတန်းလန်းနှုတ်ခမ်းကိုဖိကပ်လာတဲ့ နောက်ထပ်နှုတ်ခမ်းတစ်စုံကြောင့်ပြောလက်စစကားတို့ပျောက်ရှသွားရသည်။
ပြောရရင်ဒီလိုအထိအတွေ့နဲ့ရင်းနှီးသလိုလေးတော့ရှိနေပြီ ရရင်ရသလိုလိုက်နမ်းတဲ့ မြေခွေးပေါက်စလေးကြောင့်လေ။ခါးကနေဆွဲမကာ စာရေးစားပွဲခုံပေါ်တင်လိုက်တာကြောင့်လန့်ဖြန့်ပြီးသူ့လည်ပင်းကိုသိုင်းဖက်မိတော့ ခပ်ဟဟရီသံတစ်ချို့ကြားလိုက်ရသည်။ထို့နောက်တစ်ဖန်ပြန်ဖိကပ်လာတဲ့နှုတ်ခမ်းတွေ ။
ပါး၂ဖက်ကိုလက်၀ါးခပ်ကြီးကြီးကဖျစ်ညစ်လာတာကြောင့် ခပ်ဟဟဖြစ်သွားတဲ့နှုတ်ခမ်းလွှာကြားတိုး၀င်လာတဲ့လျှာပူပူနွေးနွေးကအသဲတယားယားဖြစ်စေသည်။"တော်ပြီ Bible ကိုကိုတော်ပြီ"
ဘီလူးဆိုင်းတီးပြရာကနေ ဘီလူးထက်ကြမ်းတဲ့ အချစ်ရူးနဲ့တွေ့သွားတော့ ဆိုင်းတီးနေတဲ့ဘီလူးလဲမျက်ရည်လေးတွေ၀ဲကာ ကိုကိုတော်ပြီဖြစ်သွားရသည်။
"အင်းဒီနေ့တော့ဒီလောက်ပဲ ချစ်တယ်နော်ကိုကို"
အောင်နိုင်သူအပြုံးနဲ့အခန်းထဲကထွက်သွားတဲ့ Bible ကိုကြည့်ရင်းကိုယ့်ရင်ဘတ်ကိုစမ်းကြည့်လိုက်တော့ ၁မိနစ်ကိုဘယ်လောက်ခုန်နေမှန်းတောင်ရေတွက်မရနိုင်တော့။ ရွဲ့စောင်းသွားတဲ့မျက်မှန်ကိုပြန်တည့် အနည်းငယ်ယောင်ချင်ချင်ဖြစ်နေတဲ့နှုတ်ခမ်းကိုကိုင်ကာ စိတ်တွေပြန်ငြိမ်အောင် အသက်ရှူလိုက်သွင်းလိုက်လုပ်လိုက်ရသေးသည်။
___________
YOU ARE READING
Born to be build's biggest problem(completed)