"ဘာအရသာစားမှာလဲ"
"Strawberry"
Buiကခေါင်းတငြိမ့်ငြိမ့်လေးလုပ်ကာ အိတ်ထဲကစတော်ဘယ်ရီရေခဲချောင်းကို ထုတ်ပေးလိုက်သည်။
ခြေထောက်ကလဲဒန်းကိုအလွှဲမပျက်။"မင်းဘာမှပြောင်းလဲမသွားဘူး ငယ်ငယ်လေးကတည်းက စတော်ဘယ်ရီအရမ်းကြိုက်တာ
ခုရောပဲ။""ငယ်ငယ်လေးကတည်းက bui ကိုကြိုက်တာခုရောပဲ တကယ်ဘာမှပြောင်းလဲမသွားဘူး"
ရုတ်တရပ်သူ့လေသံနဲ့ထပြောတဲ့သူကြောင့်
မျက်နှာကလေးကရဲကနေဖြစ်သွားသည်။"မင်းရဲ့ကလူကျီဆယ်စကားတွေကိုခုထိငါ
ကျင့်သားမရသေးဘူး""ကျွန်တော်ကျင့်ပေးရမလား"
"Wichapas မင်းဟာလေစကားကိုဘယ်လိုတွေပြော..."
ဘေးဒန်းကနေဘယ်ချိန်ကထလာမှန်းမသိပဲသူ့ဒန်းကြိုးကိုဆွဲကိုင်ကာ ရပ်လိုက်တာကြောင့် ပြောမယ့်စကားတွေပါဒန်းနဲ့အတူရပ်သွားသည်။
"ကိုကို ကျွန်တော်မေမေတို့ကိုပြောချင်ပြီ"
"ဟမ်"
"မေမေတို့ကိုပြောပြပြီး official ကဲချင်တာ"
"မင်းဟာကလဲကွာ ဒီ့ထက်ပိုကဲရင်ငါလဲ
သေတော့မယ်""စကားလမ်းကြောင်းမလွဲနဲ့ ဘာလဲကိုကိုကအပျော်ကြံတာလားကျွန်တော့ကို"
မျက်နှာလေးကိုညိုးနွမ်းပြပြီးအောက်ငုံ့သွားတာကြောင့်မနေနိုင်မထိုင်နိုင်ဖြစ်ရသည်။
အဲ့တာပြောတာပေါ့ အပျော့ဆွဲတွေကပိုကြောက်ဖို့ကောင်းတယ်ဆိုတာ။
သူ့ကိုတောင်အပျော်ကြံရအုန်းမယ်တဲ့ခံရတာငါပါ...ငါပါ..။"မဟုတ်ပါဘူး ကိုကိုကဘာမှမဖြစ်ပေမယ့် မင်းကခုမှငယ်ငယ်လေးရှိသေးတယ်
ကိုကို့ကိုရွေးချယ်တာနောင်တမရဘူးဆိုတာသေချာလား မဟုတ်ရင်၂ဦး၂ဖက်နစ်နာမှာနော်လူကြီးတွေကိုလဲသေချာအချိန်ယူပြီးမှာပြောသင့်.......
Bible Bible ဟ လွှတ် လွှတ် ဘယ်လဲ ကိုကို့ရေခဲချောင်းပြုတ်ကျခဲ့ပြီ""နောက်မှကျွန်တော့ရေခဲချောင်းကျွေးမယ်"
လက်ကောက်၀တ်ကနေဇွတ်ဆွဲခေါ်လာတာမို့လမ်းထိပ်ကကလေးကစားကွင်းလေးကနေ အိမ်ထိတရွတ်တိုက် ပါလာရသည်။
YOU ARE READING
Born to be build's biggest problem(completed)