မျက်နှာကိုစိမ်ပြေနပြေသစ်နေရင်း အခန်းထဲထိဒေါကြီးမောကြီးနဲ့လာပေါက်ပေါက်ဖောက်နေတဲ့မုန့်လုံးရေပေါ်လုံးရဲ့စကားတွေကို နားထောင်ပေးနေလိုက်သည်။
Bible wichapas ကဘယ်တော့မှမမှားပါ။
တလောကလုံးမှားရင်တောင်သူမမှားပါ။
ခုကိစ္စလဲသူ့ဘက်ကအမှန်ပဲ။အမှန်တော့သူလဲဒီလောက်ထိဖြစ်သွားလိမ့်မယ်လို့တော့တွေးမထားဘူး။ ဆိုင်ကယ်နဲ့နောက်ကလိုက်ပြီး အဲ့လူအခြေအနေ။ဘယ်လိုနေရာမှာနေတယ်ဆိုတာကိုလိုက်အကဲခတ်ရုံတင်။ ထိုလူကသတိထားမိပြီး ကားကိုလမ်းဘေးချရပ်လိုက်တော့လဲ bui ကိုတကယ်ချစ်ရင် သေချာဂရုစိုက်ပေးဖို့ ပြောချင်ရုံတင်။ bui ကအရင်ကတည်းကအချစ်ရေးကံမကောင်းတာမို့ သူရွေးချယ်မယ်ဆိုပြီးအရိပ်အယောင်ပြလာတဲ့လူကို bui ကိုစိတ်ဆင်းရဲအောင်မထားရန်သတိပေးချင်ရုံလေးပဲ။
သို့သော် 'မင်းလိုအရွယ်ကောင်းလေးကိုဟိုကဘယ်လောက်တောင်ကျွေးထားလို့ ဒီလောက်ဖြစ်နေရတာလဲ ' ဆိုတဲ့စော်စော်ကားကားပြောလာတဲ့စကားက
Bui သိက္ခာကိုလဲထိခိုက်စေသလို
နဂိုကတည်းကလောင်ချင်ချင်ဖြစ်နေတဲ့သူ့ဒေါသမီးကိုဓာတ်ဆီလောင်းလိုက်သလိုဖြစ်သွားသည်မို့ ခုလိုအခြေအနေထိရောက်သွားတာပင်။Build's pov
"မင်းဘာလို့ငါ့ဘ၀ကိုဝင်စွတ်ဖက်နေရတာလဲ ပြောရရင်မင်းနဲ့ငါနဲ့က သွေးသားတော်စပ်တာလဲမဟုတ် ဘာမှမှမသက်ဆိုင်တာ
သူစိမ်းပဲ"အစကတော့နည်းနည်းပါးပါးဆူရုံလောက်တင် လုပ်ဖို့စိတ်ကူးထားပေမယ့် လူကိုမထီမဲ့မြင်နဲ့ မျက်နှာသုတ်နေတာကြောင့်ဒေါသကတစ်စတစ်စ ပိုပိုထွက်လာရသည်။
ရှိတယ်လို့တောင်သဘောမထားပဲလုပ်ချင်ရာလုပ်နေတဲ့အရိုင်းစိုင်းကလေးကိုဆွဲကုတ်ချင်လာတဲ့အထိစိတ်တွေတိုလာတာမို့ ပါးစပ်ကပြောထွက်သွားတဲ့စကားကကြမ်းတမ်းလွန်းတယ်ဆိုတာသိပေမယ့် မထိန်းလိုက်မိ။မျက်နှာသုတ်နေတဲ့လက်တွေကရပ်သွားပြီးသူ့ကိုနာကျင်ရိပ်တွေနဲ့လှည့်ကြည့်လာမှ မထိန်းချုပ်နိုင်တာကိုနောင်တရမိသည်။
တဖြေးဖြေးခြေတလှမ်းခြင်းလှမ်းလာတဲ့လူကြောင့် သူလဲနောက်ကိုတဖြေးဖြေးဆုတ်လာမိသည်။ တစ်လှမ်းလှမ်းလေ တစ်လှမ်းဆုတ်လေအနေအထားကနေ နောက်ဆုံးရေချိုးခန်းနံရံနဲ့ကျောကပ်သွားတဲ့အထိဖြစ်သွားရသည်။
YOU ARE READING
Born to be build's biggest problem(completed)