အပိုင်း၂၇ (zat thein)

2.4K 75 2
                                    

အမလေး'

လန့်ဖျန့်သွားသော မျက်ဝန်းတစ်စုံက တစ်စုံတစ်ယောက်ကို လှည့်ကြည့်ပြီးမှသာ စိတ်သက်သာရာ ရခဲ့သည်။

----------------------------------------------------------

'သား က ဟိုဘက်နားမှာ မေမေ့ကိုတွေ့တာဆို '

'ဟုတ်တယ် အခုမတွေ့တော့ဘူး'

ကလေးလက်ကိုတစ်ဖက်ကဆွဲကာ ထွန်းမြင့်သုလေး လက်ညိုးထိုးရာသို့လည်း လိုက်ကြည့်ရပေသေးသည်...အချိန်အတန်ကြာသည်နှင့် ကလေးကိုချော့မော့ပြီး ဘုရားပေါ်မှဆင်းလာခဲ့လိုက်သည် ..မြမိုးကတော့ ကလေးတွေနဲ့ဘုရားပေါ်မှာကျန်နေခဲ့ရော့မည်..

'ကဲသားတို့သမီးတို့ ရေ ဆရာမကြီးစောင့်နေပြီ လာခဲ့ကြတော့လေ

တောက်တူ နှင်းစက် သူရ မောင်အောင်'

ထိုစဥ် လက်တစ်ဖက်မှ မြမိုးပုခုံးအား ဘုတ်ခနဲ

'အမလေး'

လန့်ဖျန့်သွားသော မျက်ဝန်းတစ်စုံက တစ်စုံတစ်ယောက်ကို လှည့်ကြည့်ပြီးမှသာ စိတ်သက်သာရာ ရခဲ့သည်။

'လန့်သွားတာပဲ သစ္စာရယ်..ကဲပြော ဒီကို ဧည့်သည်နဲ့ပဲလား ,ပျောက်နေတာ လိုင်းပေါ်မှာ ရော '

'ဧည့်သည်နဲ့ဆိုလားဆိုတာ ကတော့ အင်း လို့ပဲပြောရမှာ ပျောက်နေတာကလည်း.. ဒီက အမတွေနဲ့ သိပ်မအားရလို့ပါ နင့်ကိုပြစ်ထားတာ မဟုတ်ပါဘူး '

' ဟုတ်ပါပြီ ငါကပဲ အလျော့ပေးပါတယ်'

သစ္စာနဲ့ မြမိုးဟာ တစ်မြို့တည်းနေ ကျောင်းတူသူငယ်ချင်းများဖြစ်ကြသည်..ကျောင်းပြီးတဲ့နောက် ကိုယ်အလုပ်တာဝန်တွေကြောင့် ပုံမှန်မတွေ့ဖြစ်ကြပေမယ့် လိုင်းပေါ်တွင်တော့ စာအပြန်အလှန်ရှိကြသည်။

'ငါတို့က လူပျောက်လည်းလာရှာတာ ဧည့်သည်ရဲ့ ဘယ်လိုပြောရမလဲဟာ...အင်း'

သံသာက ဝင်ပြီး

'သက်ဆိုင်သူပဲပြောလိုက်ပါ သစ္စာရယ် ..ကျမကိုယ်ကျမပဲမိတ်ဆက်ပါရစေ ကျမနာမည်က သံသာ ပါ...ကျမ သူငယ်ချင်းက သူနဲ့ဝေးကွာသွားတဲ့သက်ဆိုင်သူကိုလိုက်ရှာနေခဲ့တာကြာပါပြီ ဒီဘုရားပေါ်မှာတွေ့လိုက်တယ်ဆိုတာနဲ့...'

အမုန်းအသင်္ချေWhere stories live. Discover now