အခန်း၁၅

908 53 0
                                    

'မင်းရဲ့အမုန်းမာန်တွေက ပြင်းထန်လှချည်လားနွေ .....ကိုယ်ရှင်းပြမယ် မင်းထင်သလို'

'မလိုဘူး ဘာတွေရှင်းပြနေအုံးမှာလဲ ဘာမှလည်း မကြားချင်ဘူး '

-------------------------------------------------------------------------------------

'ဟယ်လို သံသာ ညီမလေး............... နွေ ညီမလေးဆီရောက်လာသေးလား'

'ဟုတ် မမ နေ့လည်ကလာသွားတယ် အရမ်းလည်း ခံစားနေရပုံပဲ မမ တို့ရန်ဖြစ်ထားကြတာလား ညီမကိုတော့ ရေ‌ရေရာရာ မပြောသွားဘူး ဖက်ပြီး ငိုသွားတယ် ။ဘာမေးမေးလည်း မဖြေဘူး'

'အင်း နည်းနည်း ကတောက်ကဆ ဖြစ်သွားတာ အခု မမ ဖုန်းကို မကိုင်လို့ ညီမလေး ဆက်လို့ရမလား မေးကြည့်တာ'

'ဟုတ် ဆက်ကြည့်လိုက်မယ် ဖုန်းရရင်ပြန်ဆက်မယ် မမ .........'

'အင်း အင်း ညီမ ကျေးဇူး'

မဏိ သံသာ့ဆီဖုန်းဆက်ပြီး နောက် သူဇာဆီဆက်ပြန်လည်း မထူး.....မဏိဘဝကို က ကံဆိုးတာလား ချစ်ရသူတွေက အမြဲလိုလို အနားက နေ အကြောင်းအမျိုးမျိုးနဲ့ ခွဲခွာသွားကြတာ ....နွေလည်း ထို့အတူပဲလား ...တမ်းတခြင်း ပူပန်ခြင်းတွေက ရင်ထဲမချိအောင် ခံစားနေရတာ ဘယ်ဘဝရဲ့ဝဠ်ကြွေးတွေ လဲ ကွယ်...နွေ မင်းတို့ဆီပြန်လာပါ မင်းမရှိရင် ကိုယ်မဖြစ်ဘူး နွေ ....

အိမ်ရှေ့ခြံတခါး ဝကိုပဲ မဏိ မျှော်နေတာ ဘယ် နာရီကြာပြီမှန်းမသိ ..

'သမီး မဏိ နွေလည်းပြန်မရောက်သေးပါလား...၁၀ နာရီကျော်နေပြီ သူ့အမေဆီပြန်တာလား'

'မဟုတ်ဘူးကြီးလှ မဏိနဲ့စိတ်ဆိုးပြီးထွက်သွားတာ နေ့လည်ထဲက'

'ဘယ်လိုကြောင့်လဲကွယ် ဒီကလေးက မဏိကို သိပ်တွယ်တာ တာမဟုတ်ဘူးလား'

'တကယ်တော့ မဏိအဖေသတ်ခဲ့လို့ သေသွားတဲ့ သူက နွေ့အဖေဖြစ်နေတာ သူသိသွားပြီကြီးလှ'

'အမလေး ဘုရားဘုရား ရင်တွေတုန်လိုက်တာ ကံတရားက အဲ့လောက်တောင်တိုက်တိုက်ဆိုင်ဆိုင်ပေးတွေ့ရတယ်လို့ကွယ်'

'အခုလည်းပြန်မလာသေးလို့ စိတ်ပူနေတာ ဘယ်မှာမှလည်း စုံစမ်းလို့မရ..'

အမုန်းအသင်္ချေKde žijí příběhy. Začni objevovat