လူတူမရှား ဖြစ်မှာပါဆရာ ခွင့်ပြုပါအုံး....ကလေးကိုလည်း ဂရုစိုက်လိုက်ပါမယ်
-----------------------------------------------------------------------------
'ဒီလိုလေ နွေက ခရီးလေးလည်းထွက်ရင်း ပြီးတော့ နှစ်ကူးအလှူလေးလည်းဖြစ်သွားအောင် အခုရုံးပိတ်ရက် တွေကို တောင်ကြီးဘက်သွားချင်တာ အဲ့တာ ကိုဗညား နဲ့တိုင်ပင်ချင်တာ .......
အသိ တွေရှိလား ပြီးတော့ လှူလို့ရမယ့် ဘိုး ဘွားရိပ်သာ လိပ်စာလေးတွေ ၊အသိနယ်ခံလေးတွေရှိမယ်ဆိုရင်လည်း အဆင်ပြေမလားလို့ပါ'
'အိုကေလေနွေ နွေ့အစီအစဥ်ကောင်းပါတယ် ဒါနဲ့နွေသွားရင် အန်တီကို ဘယ်လိုလုပ်မလဲ '
'မေမေ့ကိုခေါ်သွားမယ်လေ......စိတ်ပြေလက်ပျောက်ပေါ့....သူဇာနဲ့သံသာကိုလည်းခေါ်မှာ ဆိုတော့'
'သွားမယ်ဆိုရင် ညောင်ရွှေဘက်မှာ ကိုယ့်အသိဒေါက်တာတွေရှိပါတယ် သူတို့နဲ့တစ်ချက်ဆက်သွယ်ကြည့်မယ်
ဘယ်လိုသွားရင် လူသက်သာမလဲ ......အကယ်လို့ ဟဲဟိုးကို လေယာဥ်နဲ့ သွားပြီး တောင်ကြီးကို ကားနဲ့ဆက်သွား ရင်တော့ လူသက်သာတာပေါ့ ....ကြိုပေးနိုင်မယ့် ကူညီပေးနိုင်မယ့် သူ ရှိရင် ပိုကောင်းတယ်'
နွေလည်း ဒေါက်တာစကားကို ငြိမ်ပြီးနားထောင်နေပြီးမှ
'ကိုဗညားကော ခွင့်ရရင်လိုက်ခဲ့ပါလား ယောကျားသားတစ်ယောက်ပါတော့ ပိုကောင်းမယ်ထင်လို့ပါ'
'ကိုယ်ဂျူတီနဲ့ ခွင့်နဲ့ ပြန်ချိန်လိုက်မယ် ....ဟိုဘက်ကိုလည်း ဆက်သွယ်ထားကြည့်မယ် နွေဘယ်ရက်သွားချင်တာလဲ'
'အင်း..........ဒီနေ့က ၁၂ ရက်နေ့ပဲရှိသေးတော့ စီစဥ်ဖို့အချိန်ရပါသေးတယ် နွေ က ၂၈ လောက်သွားချင်တာ .....
နှစ်ရက် ၃ လောက် လည် ..... နှစ်ကူးစောင့် ...နှစ်ဆန်း ၁ ရက်နေ့ အလှူလုပ် နောက်ရက်ပြန်ပေါ့'
'ကိုယ်သိပြီ ok ok ကိုယ် ပြန်ပြောပေးမယ်'
'ကျေးဇူးပါ ကိုဗညား'
'နွေကလည်းကျေးဇူးတရားပြောရမယ့်သူတွေမှမဟုတ်တာ .....'
ဒီနေ့တောက်တူလေး ချုပ်ရိုးဖြေရမည်မို့ မဏိ နဲ့ အတူမြမိုး ပါ ဆေးခန်းကို လိုက်ခဲ့လိုက်ပါတယ်၊ ချုပ်ရိုးဖြေပြီးတော့ အနာရွတ်ပျောက်ဆေးလေး ပုံမှန်ထည့်ပေးဖို့ ဆရာဝန်ကြီးမှာလိုက်ပါသေးတယ်။
ESTÁS LEYENDO
အမုန်းအသင်္ချေ
Romanceဖခင်ကိုသတ်တဲ့မိသားစုကိုရှာနေတဲ့ အမျိုးသမီးလေးတစ်ယောက်နဲ့ အရာရာကိုစွန့်လွတ်သည်းခံနိုင်တဲ့ အမျိုးသမီးလေးတစ်ယောက်တွေ့ကြရာဝယ်။