အခန်း ၁၈

871 49 0
                                    

'ကကြီးရေးက မမက

ကကြိုးစုံအောင်က

ပျော်ရွှင် မြူးကြွကခုန်ပြီး

ဆိုင်းတွေဗုံတွေတီး'

-----------------------------------------------

မဏိ နွေ့ဆီက ထွက်ခဲ့တာ ၂နှစ် ကျော်ပြီပေါ့ အချိန်တွေက ဒီရေလို တရွေ့ရွေ့တိုက်စားသွားပေမယ့်အဖြစ်ပျက်တွေက မနေ့တနေ့ကလိုပါပဲ....နွေဆိုတဲ့ရင်ခွင်လေးနဲ့လည်း ဝေးခဲ့ပြီ .......သူများလွမ်းနေမလား သို့မဟုတ် ဒီအချိန်ဆို နွေလည်း ကြင်ဖော်ရနေလောက်ပြီလား ...နွေ့အမုန်းတွေ မပြေပဲ မဏိကိုမြင်ရင် ကြေကွဲခံစားနေရမှာစိုးလို့ နွေလေးနဲ့ ဝေးရာထွက်ခဲ့တာပါလေ.. နွေ့ကိုချစ်လား မဏိကိုတစ်ရေးနိုးမေးမိရင် တောင် မဆိုင်းမတွချစ်တယ်ပဲ ပြောမှာပါ တစ်ဘဝလုံးနဲ့တစ်ယောက်သောသူရဲ့ စိတ်ချမ်းသာမှုကို လဲရလောက်တဲ့ထိ ချစ်တာပါနွေ....

'မင်္ဂလာပါ ဆရာမ '

'မင်္ဂလာပါ ထိုင်ပါကွယ်'

'ဆရာ မ '

ဆိုကာ သူမ ထမိန်လေးလာဆွဲတဲ့ ကျောင်းသူလေး ကို ကြည့်မိတော့ လက်ထဲမှာ နှင်းဆီပန်းလေး တစ်ပွင့် ကိုင်ကာ မိမိကို ထိုးပေးလေသည်..

'ဒါက ဆရာမ ကိုပေးတာလား'

'ဟုတ် ဆရာမ '

'လိမ္မာလိုက်တာကွယ် ကဲထိုင်ထိုင် မနေ့က သင်ထားတဲ့ကဗျာ စာအုပ်လေး ပြန်ထုတ်ကြမယ်..'

စာသင်ခန်းထဲမှာ ကလေးတွေကို အပြုံးလေးနဲ့သင်နေသူကတော့ တခြားသူမဟုတ် နန်းမဏိ ဖြစ်ပါ၏....နယ်မြို့လေးက သူမနဲ့ဘဝတူ မိဘမဲ့ ကလေးများကို စာသင်ပြီး ၄င်း ဂေဟာလေးမှာပင် ဆရာမလေးအဖြစ်ဇာတ်မြုတ်နေလိုက်ခြင်းဖြစ်ပါသည်...

'ဆိုပါအုံး'

'ကကြီးရေးက မမက

ကကြိုးစုံအောင်က

ပျော်ရွှင် မြူးကြွကခုန်ပြီး

ဆိုင်းတွေဗုံတွေတီး'

'တော်လိုက်တာ ဒါဆို တို့တွေ ဒီနေ့ အသစ် တစ်ပုဒ်တက်'

ဆရာမရေ ဆရာမ ဆိုသောအသံနဲ့အတူ အမောတကော ပြေးဝင်လာသော ကျောင်းသားလေး ကို လှမ်းကြည့်လိုက်ပြီး

အမုန်းအသင်္ချေDonde viven las historias. Descúbrelo ahora