မင်းဘယ်နေရာမှာရှိနေတယ်ဆိုတာ အရေးမကြီးပါဘူး။
မင်းပျော်နေမှန်းသိရုံနဲ့ မင်းပြုံးနေနိုင်သေးတာကိုသိရရုံနဲ့ ငါ့အတွက်လုံလောက်ပါပြီ။
~ Win Love 12%~
ဒီနေ့ နေ့ခင်းကတည်းက ပရောက် နဲ့ နတ်နဖာ က မီးဖိုချောင်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် ကူညီကြပြီး ညစာစားတဲ့အချိန်မှာတော့ စားပွဲမှာ စားစရာတွေနဲ့ ပြည့်လို့နေတယ်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. မစားကြမသောက်ကြခင်မှာ ကလေးတွေက ကစားပြီးတာနဲ့ လက်နဲ့မျက်နှာကို သေချာဆေးကြောရဲ့လားဆိုတာကို စစ်ပြီးမှ အရသာရှိရှိ စားကြတယ်။ ပြီးတဲ့အခါ ငှက်ပျောသီးနဲ့ ခရင်မ်အချိုပွဲတွေကို အချိုတည်းကြတယ်။
အမှန်တော့ ပုံမှန်အတိုင်းဆို အီယူက အခုလိုအားလပ်ရက်အစမှာ ဂုဏ်ပြုတဲ့ ဒီလိုပွဲကို နှစ်သက်နေသင့်သည်။ ဒါပေမယ့် ကိတ်နဲ့နေရဖို့ အချိန်တွေကုန်တော့မယ်ဆိုတာ အီယူသိနေတယ်... အဲ့ဒါကြောင့် စိတ်လဲမပျော်သလို၊ စားလဲမဝင်ပါဘူး။
ထမင်းစားပြီး မိသားစုနှစ်စု စကားစမြည်ပြောကြတဲ့အခါ အီယူက ကိတ်ကို ကူညီပေးဖို့ ခွင့်တောင်းလိုက်ပါတယ်။
ပစ္စည်းတွေထုပ်ပိုးရင်းနဲ့ပဲ အချိန်ကတဖြည်းဖြည်းကုန်လာသည်။ ကိတ် ဓါတ်ပုံတွေအားလုံး ထုပ်ပိုးပြီးတဲ့အချိန်မှာ အကုန်နီးပါးပြည့်နေပြီဖြစ်တာကြောင့် တစ်ခါတစ်လေ အောက်ခဏဆင်းပြီး သေတ္တာတွေယူလာဖို့ အီယူကို တောင်းဆိုသေးတယ်။
အီယူလေးက မတ်တတ်ထပြီး နံရံဆီကို လက်ဆန့်တန်းလိုက်တယ်။ ထို့နောက် သူသည် ပစ္စည်းသေတ္တာတွေနဲ့ခရီးဆောင်သေတ္တာတွေကို ကောက်ယူပြီး အခန်းအလယ်မှာ ထားလိုက်သည်။
![](https://img.wattpad.com/cover/323125174-288-k507470.jpg)
YOU ARE READING
My Only 12% // Myanmar Translation
Teen Fiction12% is probability that the person we love, loves back မင်းချစ်တဲ့သူက မင်းကိုပြန်ချစ်ဖို့ ဖြစ်နိုင်ချေ 12% ပဲရှိပါတယ်တဲ့။ ____________________________________ ကိတ်နဲ့အီယူတို့က မတူတဲ့ဆက်ဆံရေးတွေနဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ သူတို့ မွေးကင်းစအရွယ်ကတည...