အပိုင်း(၁) // Unicode

418 16 2
                                    

အမဲရောင်ဆိုတာ ရှပ်အင်္ကျီပေါ်မှာ စွန်းထေးညစ်ညမ်းနေသလိုမျိုး ဆိုးရွားတယ်။

ပဲငံပြာရည်က အဲ့ဒီရောင်ရှိနေတာကလည်း တိုက်ဆိုင်မှုဟုတ်ရဲ့လားတောင် မသိဘူး ။

~ Win Love 12% ~

အငယ်ဆုံးကလေးတွေက အကောင်းဆုံးလို့ လူတွေကပြောကြတယ်။ ဘာလို့လဲဆိုတော့ အငယ်ဆုံးလေးတွေက အမြဲတမ်း ချစ်ဖို့ကောင်းတယ်၊ ကြင်နာတတ်တယ်၊ ဆက်ဆံရေးတွင်ကျယ်တယ်၊ အကယ်၍ သူတို့အမှားလုပ်မိရင်တောင် ဘယ်သူမှစိတ်မဆိုးကြဘူး။ ဘယ်လူ့အဖွဲ့အစည်း အနေအထားမှာဖြစ်ဖြစ် သူတို့က မိသားစုရဲ့ဗဟိုတိုင်ပဲ။

ကျွန်တော်က စီးအီယူပါ။ အငယ်ဆုံးသားလေးတစ်ယောက်ပေါ့။ ဒါပေမယ့် ကျွန်တော်ထင်မိ တာကတော့ ခုနကပြောသွားသလိုမျိုး ကျွန်တော်မခံစားရပါဘူး။

မှန်လှလှလေးရှေ့မှာ အင်္ကျီကြယ်သီးတပ်နေတဲ့ ကောင်လေးကတွေးနေခဲ့တယ်။ ပြီးတော့ သူ့ မျက်နှာလေးကိုသူပြန်ကြည့်ပြီး ဆံပင်ညှပ်ဖို့အချိန်ရောက်ပြီလို့ တွေးလိုက်မိတယ်။ ဒါပေမယ့် ကျောင်း က ဆံပင်နဲ့ပတ်သတ်ပြီး စည်းကမ်းတင်းကျပ်တာမျိုးမရှိပေမယ့်လည်း နောက်လအစလောက်ဆိုရင် တော့ သတိထားညှပ်ရမယ်။

ဒေါက် ဒေါက် . . .

တံခါးခေါက်သံနှစ်ချက်ကြားတော့ ကျောင်းအင်္ကျီအဖြူအစွန်းကို ဘောင်းဘီထဲလျှိုသွင်းလိုက်သည်။

"နိုးပြီလား စီးအီယူ"

"ကျွန်တော် ကျောင်းဝတ်စုံတောင်ဝတ်ပြီးနေပြီ ကိုကြီးပေါင်"

အီယူ ခါးပတ်ကိုအမြန်ပတ်လိုက်ပြီး တခါးဆီကို အမြန်ပြေးသွားလိုက်သည်။ အီယူကိုမြင်တော့ ကိုကြီး ပေါင်က ပြုံး၍ကြည့်သည်။

"ချစ်ဖို့ကောင်းလိုက်တာ၊ လိမ္မာတဲ့ကောင်လေး"

ပြောနေရင်း ပေါင်က သူ့ညီလေးရဲ့ဆံပင်တွေကို ခါတိုင်းလို သူ့လက်နဲ့ထိုးဖွလိုက်သည်။

ပေါင်က ကြင်နာတယ်။ တစ်ခါမှ အီယူကိုမဆူဖူးဘူး။ အမြဲ အီယူအပေါ် ပျော်အောင်ထားတယ်။ ပေါင်က ကမ္ဘာပေါ်မှာ ချစ်ဖို့အကောင်းဆုံးးအကိုပါပဲ။

My Only 12% // Myanmar TranslationWhere stories live. Discover now