စကားပြောရတာနည်းလေလေ တစ်ယောက်နဲ့တစ်ယောက် လွမ်းလေလေပါပဲ။ဒါက အချစ်မဟုတ်ရင် ဘာဖြစ်မလဲ။
~ Win Love 12% ~
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
"မေကြီး အီယူပြန်ရောက်ပါပြီ"နတ်နဖာက သူ့သားဘက်ကို လှည့်ပြီး နှုတ်ဆက်သည်။
"အဝတ်အစားလဲပြီး အောက်ထပ်ကိုစားဖို့ပြန်ဆင်းခဲ့ သား ဒီနေ့စားပွဲမှာစားကြမယ်"
"အီယူ ကွန်ပြူတာကို တစ်စက္ကန့်လောက်ဖွင့်လိုက်ဦးမယ်နော်"
"မြန်မြန်မစားရင် ဗိုက်အောင့်လိမ့်မယ် အီယူ"
အီယူက နှစ်ခြိုက်စွာပြုံးကာ သဘောတူပြီး ဒုတိယထပ်အခန်းထဲသို့ အမြန်ပြေးသွားလိုက်သည်။
အီယူသည် ကွန်ပြူတာဆီသို့ တန်းတန်းမတ်မတ်သွားကာ စားပွဲပေါ်ရှိ လက်ချောင်းများကို စိတ်မရှည်စွာပုတ်ကာ စက်ပစ္စည်းဖွင့်ရန် စောင့်ဆိုင်းနေသည်။ ထို့နောက် အီးမေးလ်ကို ဝင်ရောက်ကြည့်ရှုနိုင်ခဲ့သည်။
အဝင်စာပုံးထဲမှာ အီးမေးလ်အသစ်ကို တွေ့လိုက်ရလို့ အီယူ့နှလုံးသားတွေ ခုန်ပေါက်သွားခဲ့တယ်။
အီယူသည် ကိုကြီးပေါင်အကြံပေးသည့်အတိုင်း ကိတ် နှင့် စကားပြောရန် အီးမေးလ်ကို အသုံးပြုပြီး ယခင်က သူအသုံးပြုခဲ့သည့် စာတိုပေးပို့ခြင်းအက်ပ်ကို မသုံးတော့ပါ။
ဒီနည်းလမ်းက အချိန်ကွာခြားမှုရဲ့ ပြဿနာတွေကို ကောင်းကောင်းဖြေရှင်းနိုင်ပြီး ချိတ်ဆက်ဖို့ ထိုင်စောင့်နေစရာမလိုတော့ပါဘူး။
![](https://img.wattpad.com/cover/323125174-288-k507470.jpg)
YOU ARE READING
My Only 12% // Myanmar Translation
Teen Fiction12% is probability that the person we love, loves back မင်းချစ်တဲ့သူက မင်းကိုပြန်ချစ်ဖို့ ဖြစ်နိုင်ချေ 12% ပဲရှိပါတယ်တဲ့။ ____________________________________ ကိတ်နဲ့အီယူတို့က မတူတဲ့ဆက်ဆံရေးတွေနဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ သူတို့ မွေးကင်းစအရွယ်ကတည...