A/N : အဆုနေမကောင်းတော့ အများကြီး မ tran နိုင်သေးတာနဲ့ ဒီနေ့လာမယ့်အပိုင်း spoiler အပိုင်း(၁၈)ပဲ အရင် tran လိုက်ပါတယ် 😘
_________________________________________
အရမ်းနီးကပ်လွန်းတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ရှင်းရှင်းလင်းလင်း မမြင်ရတာ ဖြစ်နိုင်ပါတယ်။
အဲ့တာကြောင့် ခြေတစ်လှမ်းဆုတ်ပြီး မတူညီတဲ့ဦးတည်ချက်ကနေ ကြည့်လိုက်တာက ပိုကောင်းလိမ့်မယ်။
~ Win Love 12% ~
ကျောင်းပြီးသည့်နောက် ညတိုင်းလိုလိုပင် ကိတ်သည် ခြေထောက်နှင့် နံရံများကို ဆန့်တန်းကာ Performing Arts module ရှိ ပြဇာတ်ဇာတ်ခုံပေါ်တွင် ဇာတ်ညွှန်းကို အစမ်းလေ့ကျင့်နေသည့် ကလေးငယ်ကိုသာ ကြည့်နေသည်။
တကယ်တော့ အီယူဟာ တခြားသူတွေထက် သရုပ်ဆောင်နဲ့ ပိုတူတယ်လို့ သူထင်ပါတယ်။ သရုပ်ဆောင်တာ အရမ်းသဘောကျပြီးတဲ့နောက်မှာ ဘာလုပ်မလဲလို့ ကိတ် မေးချင်ပါသည်။
ကိတ်က သူ့ Cocoa drink ကိုမော့သောက်လိုက်ပြီး ကလေးငယ်ကိုမြင်တဲ့အချိန်မှာတော့ သဘောကျစွာပြုံးလိုက်တယ်။ ပြီးတော့ စိတ်ဖိစီးပြီး မျက်ရည်ကျမယ့်ပုံပါပဲ။
အီယူရဲ့ အမျိုးမျိုးသောမျက်နှာအနေအထားနဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ကိတ်ရဲ့အကြည့်များသည် အီယူဆီမှာမခွာနိုင်ပေ။ ယခု စီးအီယူ နှင့် သူ၏ ငယ်ဘဝမှတ်ဉာဏ်များထဲမှ စီးအီယူသည် တူညီသောလူမဟုတ်တော့ပေ။
အရမ်းကွာခြားလွန်းတာကြောင့် တစ်ခါတလေ ကိတ်သဘောမကျမိလောက်အောင်ပင်။ အခု ကိတ်သည် ကမ္ဘာပေါ်တွင် အီယူကို အသိဆုံးလူမဟုတ်တော့ပါ။
YOU ARE READING
My Only 12% // Myanmar Translation
Roman pour Adolescents12% is probability that the person we love, loves back မင်းချစ်တဲ့သူက မင်းကိုပြန်ချစ်ဖို့ ဖြစ်နိုင်ချေ 12% ပဲရှိပါတယ်တဲ့။ ____________________________________ ကိတ်နဲ့အီယူတို့က မတူတဲ့ဆက်ဆံရေးတွေနဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ သူတို့ မွေးကင်းစအရွယ်ကတည...