ငါတို့ဘဝတွေမှာ တစ်ယောက်ယောက်တော့ရှိမယ်။တစ်ယောက်နဲ့တစ်ယောက် မတွေ့တာကြာပေမယ့် ခံစားချက်က ဘယ်တော့မှ လျော့မသွားမယ့်သူမျိုးပေါ့။
ငါ့အတွက်... မင်းက အဲ့ဒိတစ်ယောက်ပဲ...။
~ Win Love 12% ~
ကောင်လေးက လေဆိပ်အထွက်ဂိတ်ရှေ့မှာ အင်တာနက်လိုင်းမရှာလို့ မျက်မှောင်ကြုတ်ပြီး လျှောက်ကြည့်နေတယ်။ sim card မဝယ်ရသေးတဲ့အတွက် free wifi signal ကိုအရင်ရှာရတော့မယ်။
သူ ထွက်လာတော့မည်ကို တစ်ဖက်လူကို ပြောပြချင်သည်။
သူလှည့်လိုက်ပြီး စာတိုက်ပေါ်က နာရီကြီးကို ကြည့်ရင်း သက်ပြင်းချမိသည်။
မနက် ၃း၀၀ ...။
လေယာဉ်က ညသန်းခေါင်မှာ ထွက်ခွာမှာဖြစ်ပြီး အီယူကတော့ ခဏအိပ်ပျော်သွားလောက်ပြီ။
လေဆိပ်မှာ အခမဲ့ Wi-Fi မတွေ့လို့ ကိတ်က စိတ်ပျက်သွားတယ်။ သူ့ညီမလေးနဲ့ အမေ သန့်စင်ခန်းထဲက ပြန်လာတာကို ထိုင်ခုံမှာထိုင်စောင့်ရင်း မနက်ဖြန် ဆင်းမ်ကတ်ဝယ်ဖို့ ကိတ် စဉ်းစားနေတယ်။
လေယာဉ်မတက်ခင် နာရီပိုင်းအလိုမှာ အီယူနဲ့ နောက်ဆုံးစကားပြောဖို့ လိုင်းအပလီကေးရှင်းကို ဖွင့်လိုက်တယ်။
Seeiw [14:25 AM]
----------------------------------------Seeiw_eiw
ကိတ် စိတ်လှုပ်ရှားနေလား။Cake.k
ကိတ် အရမ်း စိတ်လှုပ်ရှားနေတယ် ။Seeiw_eiw
အီယူလည်း စိတ်လှုပ်ရှားနေပြီ ၊ ကိတ်ကို အမြန်တွေ့ချင်တယ်။
YOU ARE READING
My Only 12% // Myanmar Translation
Teen Fiction12% is probability that the person we love, loves back မင်းချစ်တဲ့သူက မင်းကိုပြန်ချစ်ဖို့ ဖြစ်နိုင်ချေ 12% ပဲရှိပါတယ်တဲ့။ ____________________________________ ကိတ်နဲ့အီယူတို့က မတူတဲ့ဆက်ဆံရေးတွေနဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ သူတို့ မွေးကင်းစအရွယ်ကတည...