Unicode
"စီနီယာJungkook က ထူးထူးဆန်းဆန်း ကျောင်းတွေဘာတွေလာလို့ပါလား"
ထယ်ဟွန်းက မတွေ့ရတာကြာပြီဖြစ်သည့် သူ့ရဲ့စီနီယာ Jungkookကို မြင်သည်နှင့် လှမ်းနှုတ်ဆက်သည်။
"အပြင်တွေ လျှောက်သွားနေတာနဲ့ အခုတလော ကျောင်းမတက်ဖြစ်ဘူးဖြစ်နေတာ ဘာလဲ ထယ်ဟွန်းလေးက ငါ့ကိုလွမ်းလို့လား"
Jungkookက ရယ်သွမ်းသွမ်းဖြင့် စနောက်လေတော့ ထယ်ဟွန်းမျက်နှာလေးက မဲ့ခနဲဖြစ်သွားကာ
"ဖြစ်ရတယ်..လွမ်းဖို့နေနေသာသာ နိုင်ငံခြားက ကျွန်တော့်အကိုပြန်လာမှာမို့လို့ အခန်းပြင်ပေးနေတာနဲ့ အလုပ်တွေရှုပ်နေတာ"
"မင်းမှာ အကိုရှိတာလား ထယ်ဟွန်း..ငါကမင်းကိုတစ်ဦးတည်းသော သားထင်နေတာ"
ရယ်ကြဲကြဲ စနောက်နေခဲ့သည့် Jungkook၏မျက်နှာချောချောက အံ့ဩမှုတို့ ပြည့်နှက်သွားလျက်။အသံတွေပါ တုန်ရီနေသလိုပင်။
"အကိုက ကနေဒါမှာ ကျန်ခဲ့ပြီး ကျွန်တော်က ဒီကို ပြောင်းလာတာ။မတွေ့ရတာ အတော်ကြာပြီ။ ကျွန်တော်က ကျွန်တော့်အကိုကို တော်တော်ချစ်တာ။ကျွန်တော့်မျက်လူံးထဲမှာ ကျွန်တော့်အကိုက ကြည့်အကောင်းဆူံး အချောဆုံး"
တောက်ပတက်ကြွစွာ ပြောလာသည့် ထယ်ဟွန်းကို ကြည့်ပြီး Jungkook၏ မျက်နှာက ခပ်မဲ့မဲ့ဖြစ်သွားကာ
"အံမယ် ငါကရော? ငါက Jeon Jungkookပါဟ! ချောလွန်းလို့ တစ်ကျောင်းလုံးမှာ ပေါ်ပြူလာဖြစ်နေတာကို.. မင်းအကိုက ဘယ်လောက်များ ချောနိုင်မှာမို့လို့လဲ"
ကော်လံလေးကို ဆန့်ပြီး ခပ်ကြွားကြွားပြောနေသည့် Jungkookကို ကြည့်ပြီး ထယ်ဟွန်းက မနိုင်ပါဘူးဆိုသည့် ပုံစံမျိူးဖြင့် ခေါင်းကို ခပ်ဖြည်းဖြည်း ခါလိုက်သည်။ထို့နောက်
"အကိုက ဒီနေ့ကျွန်တော့်ကို လာကြိုမှာ စီနီယာ Jungkook နဲ့မိတ်ဆက်ပေးဦးမယ်..အခုတော့ ကျွန်တော်သွားတော့မယ် ဆရာဝင်တော့မှာမို့"
"အေးအေး"
............."စီနီယာ JungKook? စီနီယာJungKook? မျက်တောင်ခတ်ပါဦး"
YOU ARE READING
All He Ever Wanted(Completed)
Fanfic"ဒီဘဝမှာ ကျွန်တော် ပြင်းပြင်းပြပြ လိုချင်ခဲ့တာဆိုလို့ ကိုကိုတစ်ယောက်ထဲ ရှိပါတယ်။အမြဲတမ်းအတွက် ကိုကိုတစ်ယောက်ထဲပါပဲ" Start-14.10.2022 End- 3.12.2022