"ချစ်မဝတဲ့ ကျွန်တော့်ကိုကို"
"Jeon...ဒီဆိုင်လေးလေ Onlineမှာ ခေတ်စားနေတာ သိလား? အဲ့ဆိုင်က ကိတ်မုန့်လေးတွေက အရမ်းချစ်ဖို့ကောင်းလို့လေ"
ကိုကို ပြတဲ့ ပုံလေးတွေကို ကြည့်လိုက်တော့ ကိတ်မုန့်ခပ်သေးသေးပုံတွေ။
cupcakeလည်း မဟုတ်ပဲ birthday cakeကိုမှ ခပ်သေးသေးပုံစံလေးတွေ လုပ်ထားတာဖြစ်သည်။သပ်သပ်ရပ်ရပ်နှင့် အရောင်လေးတွေသုံးထားဟန်က customerတွေကို ဆွဲဆောင်နိုင်လောက်သည့်ပုံစံမျိူး။သို့သော်လည်း
"အဲ့ကိတ်မုန့်တွေက ကိုကို့လောက်တောင် ချစ်ဖို့မကောင်းပဲနဲ့"
"ချစ်ဖို့ကောင်းပါတယ်။ စားချင်စရာလေး"
ကိုကို့ပါးပြင်နားကပ်ကာ အသံနှုန်းနိမ့်နိမ့်ဖြင့်
"ကိုယ့်အတွက်လည်း ဘေဘီက ချစ်ဖို့ကောင်းတယ်။ ပြီးတော့ စားချင်စရာလေး"
"Jeon!!!"
အသံစူးစူးနဲ့ အတူ ပါးပြင်တို့ နီရဲနေသည့် ကိုကို။
"တကယ် ချစ်ဖို့ကောင်းတယ်ဗျာ။ ကဲ! ကိုကို အဝတ်အစားလဲတော့! အဲ့ဆိုင်ကို အခုပဲသွားကြမယ်"
"အဝတ်အစား မလဲချင်တော့ဘူး! ဒီအတိုင်း သွားလို့မရဘူးလား? ဘာလဲ! အိမ်နေရင်း ဝတ်စုံနဲ့မို့ လူကို အပြင်ခေါ်မသွားချင်တာလား?"
"ဟောဗျာ"
ကိုကိုက နှုတ်ခမ်းလေးစူကာ မျက်ခုံးလေးလည်းတွန့်ချိူးလို့ပင်။
"ရပါတယ်လေ။ Jeon က အကို့ရဲ့ ဒီပုံစံကို ခေါ်သွားဖို့ ရှက်တယ်ဆိုတော့လည်း အကိုက အဝတ်အစားသွားလဲလိုက်ပါ့မယ်"
မျက်နှာလေး ညှိုးညှိုးငယ်ငယ်နှင့် ဒရာမာခင်းနေသည့် ကိုကို။ဆိုဖာပေါ်က ထတော့မည့်ကိုကို့ကို ပေါင်ပေါ်ဆွဲတင်လိုက်ပြီး
"ဒရာမာတွေ ခင်းပြနေတယ်ပေါ့ ဟုတ်လား? မသိရင် ကျွန်တော်က လူဆိုးပေါ့! ကိုကို ဝတ်ထားတာလည်း ပြန်ကြည့်ဦးလေ! ဒီဘောင်းဘီတိုလေး ဝတ်ပြီး ပေါင်တံလှလှလေးတွေ အကုန် ပေါ်နေတာကို! ကျွန်တော်က ဘယ်လိုလုပ် အပြင်ခေါ်သွားရက်ပါ့မလဲဗျ! နှမြောလွန်၊ သဝန်တိုလွန်ပြီး ကျွန်တော် ရူးသွားလိမ့်မယ်ဗျ"
YOU ARE READING
All He Ever Wanted(Completed)
Fanfic"ဒီဘဝမှာ ကျွန်တော် ပြင်းပြင်းပြပြ လိုချင်ခဲ့တာဆိုလို့ ကိုကိုတစ်ယောက်ထဲ ရှိပါတယ်။အမြဲတမ်းအတွက် ကိုကိုတစ်ယောက်ထဲပါပဲ" Start-14.10.2022 End- 3.12.2022