17

6.1K 422 0
                                    

Unicode

Ar-tရဲ့ ဆောင်းနေ ဆိုတဲ့ အချစ်သီချင်းအေးအေးလေးနဲ့ ဒီအပိုင်းလေးကို ခံစားကြည့်ပါနော်❤️

....

ကိုကိုစိတ်ပြေလက်ပျောက်ဖြစ်သွားအောင် ပင်လယ်ကမ်းခြေဘက်ခေါ်လာခဲ့လိုက်သည်။ကိုကိုက ပင်လယ်တွေကို ချစ်တတ်တာမို့..

အရင်ကဆို နှစ်ယောက်အတူကားစီးတိုင်း ကိုကိုက သီချင်းဖွင့်ပြီး တက်တက်ကြွကြွ လိုက်ဆိုတတ်သည်။

အခု‌တော့ ပြတင်းပေါက်အပြင်က မြင်ကွင်းတွေကိုသာ ငြိမ်သက်စွာနဲ့ငေးကြည့်နေသည်။အခုထိ လော်ရာ့ကိစ္စကို ကိုယ့်ကိုယ်ကို အပြစ်တင်မဆုံးဖြစ်နေတာပင်။

ကားမောင်းနေရင်း လက်တစ်ဖက်က အကျီအိတ်ကပ်ထဲမှာ အဆင်သင့်ထည့်ထားတဲ့ လက်စွပ်လေးကို ထုတ်လိုက်ပြီးနောက် ကိုကို့လက်လေးကို ယူပြီး စွပ်ပေးလိုက်သည်။

အတွေးများနေသည့်ကိုကိုကတော့ အပြင်ကိုပဲ ငေးကြည့်နေကာ လက်က လက်စွပ်ကို သတိမထားမိခဲ့။

......

"ဝါး...ပင်လယ်ကြီးက လှလိုက်တာ"

"ကျွန်တော့်ရဲ့ရည်းစားကိုကိုလေးလောက် မလှပါဘူးနော်"

တကယ်လည်း ကိုကိုကသာ အလှပဆုံး,ရှုမဝဆုံးဖြစ်သည်။

မနက်ခင်းရဲ့နေရောင်ခြည်သဲ့သဲ့လေး။
ပင်လယ်ရေပြင် ပြာလဲ့လဲ့လေး။

အမှိုက်တွေရှင်းလင်းနေတဲ့ သဲပြင်ဖြူဖြူလေး။
ပင်လယ်ရေလှိုင်းတွေ သောင်ပြင်ပေါ်ကို တရိပ်ရိပ်တက်‌နေတဲ့ အသံသဲ့သဲ့လေး....

သဘာဝရဲ့ ခံစားလို့မဝနိုင်သော အလှတရားအားလုံးထက် တုနှိုင်းမမှီအောင်လှတဲ့ ကျွန်တော့်ရဲ့ အဖိုးတန်ကိုကိုလှလှလေး။

"Jeonက အကို့လက်တွေကို လာဆုပ်ကိုင်ပြန်ပြီ။ ဒီလက်တွေကိုပဲ ကြိုက်တာလား အကို့တကိုယ်လုံးမှာ"

"ကိုကို့လက်တွေက အမြဲအေးနေတတ်တယ်။ အဲ့ဒါကြောင့်ကျွန်တော်အမြဲဆုပ်ကိုင်ပေးတာ။

ကျွန်တော် ကိုကို့ရဲ့ လက်ချောင်းလှလှလေး‌‌တွေနဲ့ လက်ဖဝါးနုနုလေးကို သဘောကျတယ်..ကျွန်တော်ဆုပ်ကိုင်လိုက်တိုင်း ကိုကို့လက်လေးက ကျွန်တော့်လက်နဲ့ အံဝင်ခွင်ကျဖြစ်ပြီး မြုပ်နေတတ်တာလေးကိုလည်းသဘောကျတယ်.

All He Ever Wanted(Completed)Where stories live. Discover now