Extra 5

6.2K 318 93
                                    

သဝန်တိုတတ်တဲ့ ကျွန်တော့်ကိုကို

"အလုပ်ကို ဘယ်လိုလုပ်နေတာလဲ? အဲ့ မော်ဒယ်ဆိုတဲ့ကောင်က...Marketing teamကလည်း တစ်စက်မှ ောက်သုံးမကျဘူး။ ောက်သုံးမကျတဲ့ကောင်တွေအကုန် ငါ့ companyမှာ လာစုနေသလားပဲ"

Jeonရဲ့ ဒေါသထွက်သံ ခပ်ကျယ်ကျယ်ကို ရုံးခန်းအပြင်ကနေတောင် ကြားနေရပါသည်။ ဒီကောင်လေးကို ကလေးလို့ပဲ တောက်လျှောက် မြင်နေမိတာ။ ယခုလို ဒေါသထွက်နေတော့မှ တကယ့်ဘော့စ်နဲ့တူနေသလို။

ရုံးခန်းအပြင်ရှိ အတွင်းရေးမှူးခုံ၌ ထိုင်နေသည့် အတွင်းရေးမှူးကို တစ်ချက် လှမ်းကြည့်ပြီး

"Jeonက တော်တော်ဒေါသထွက်နေတယ်ထင်တယ်နော်"

"ဟုတ်တယ်ခင်ဗျ။ တကယ်ဆို ဘော့စ် ဒေါသထွက်လည်း ထွက်ချင်စရာပဲ"

"ဘာကိစ္စတွေများ ဖြစ်နေလို့လဲ?"

"ဘော့စ်ရဲ့ ယောက်ျားကိုကိုလေးသိတဲ့အတိုင်း ကျွန်တော်တို့ Companyက luxury အမျိူးသားအဝတ်အထည်တွေထုတ်တာဆိုတော့ ဒီတစ်ခေါက်မှာက itemအသစ်တစ်ခုရောင်းဖို့လုပ်ထားတာ။အမျိူးသား underwear လေ"

"အော်..အဲ့ဒါနဲ့"

"အရင်ကတော့ ရောင်းနေကျ အင်္ကျီတွေ၊ ဘောင်းဘီတွေက ကိစ္စမရှိပေမယ့် အခုက ပစ္စည်းအသစ်ဆိုတော့ မပေါက်မှာစိုးပြီး ဘော့စ်က ကြေးမြင့်ပြီး လူသိများတဲ့ မော်ဒယ်ကောင်လေးနဲ့ စာချုပ်ချုပ်ထားတာ။ ကြော်ငြာရိုက်ရမှာကလည်း မနက်ဖြန်ဆိုရိုက်ရတော့မှာ။ အဲ့ဒါကို အဲ့မော်ဒယ်ကောင်လေးက ယောက်ျားခိုးသွားပြီး နိုင်ငံခြားကို အပြီးထွက်သွားတယ်တဲ့လေ။ အနုပညာအလုပ်လည်း မလုပ်တော့ဘူးတဲ့။ စာချုပ်အတွက်လျော်ကြေးတွေကိုလည်း အကုန်ပြန်အမ်းသွားတာ။

မနက်ဖြန်ပဲ ကြော်ငြာရိုက်ပြီး ပစ္စည်းကို စျေးကွက်တင်တော့မှာဆိုတော့ အခုလိုတွေ ဖြစ်ကုန်တော့ ဘော့စ်က ဒေါသထွက်ပြီး marketing manager ကို ဖိဆူတော့တာပဲ"

သက်ပြင်းတစ်ချက်ချမိပြီး

"မော်ဒယ်အသစ်ရှာဖို့က အဆင်မပြေနိုင်တော့ဘူးလားဟင်?"

"မနက်ဖြန်ချက်ချင်းကြီး လိုချင်တာဆိုတော့ နာမည်ကြီးမပြောနဲ့။ မျက်နှာသစ်မော်ဒယ်တစ်ယောက်လောက်တောင် ရှာဖို့ မလွယ်ဘူးဗျ"

All He Ever Wanted(Completed)Where stories live. Discover now