Unicode
ညကြီးအချိန်မတော် Jungkook ကို မူးချင်ယောင်ဆောင်ပြီး ဖုန်းလှမ်းဆက်ခေါ်ထားသည်ကို Kim Tae Hyungက ဘယ်ကနေဘယ်လို ကပ်ပါလာမှန်းမသိ။
ဒီအချိန်ကြီးတောင် JungKookနဲ့ အတူတူတွဲပါလာပုံထောက်လျှင်တော့ နှစ်ယောက်သားက တစ်အိမ်ထဲ အတူနေပုံရသည်။
ငယ်ငယ်ကထဲက ခင်လာတဲ့သူတွေမို့ JungKookရဲ့ အကျင့်တွေကို သူမကောင်းကောင်းသိသည်။
လူတိုင်းနဲ့ မရင်းနှီးတတ်၊ သီးသီးသန့်သန့်ပဲ နေတတ်တဲ့ JungKookက ဒီကောင်လေးနဲ့ တစ်အိမ်ထဲ အတူနေတာဆိုတော့ ဒီကောင်လေးကို အတော်လေးချစ်ပုံပေါ်သည်။
သူတို့နှစ်ယောက်ကြား၌ ပြဿနာတက်စေဖို့အတွက် ရည်ရွယ်ကာ JungKookကို မူးချင်ယောင်ဆောင်ပြီး လှမ်းခေါ်လိုက်တာဖြစ်သည်။
လော်ရာ့အကြံက ဒီမှာတင်မပြီးသေးပေ ။
JungKookက သူမကို သူမတည်းနေတဲ့ Hotelခန်းထဲသို့ ပြန်လိုက်ပို့သည့်အခါ မူးချင်ယောင်ဆောင်ပြီး JungKookကို အတင်းဖက်နမ်းပစ်ဖို့ ဆုံးဖြတ်ပြီးသားပင်။
သူမအခန်းထဲမှာလည်း ထောင့်စေ့အောင် လျှို့ဝှက်ကင်မရာတွေ တပ်ထားပြီးသားလေ။
နမ်းနေတဲ့ ပုံတွေကိုသာ Kim Tae Hyungကို ပို့လိုက်လျှင် သူတို့နှစ်ယောက်ကြား ပြဿနာတက်မည်မှာ အသေအချာ။
အခုတော့ သူမ၏ အကြံတွေအကုန် သဲထဲရေသွန်ဖြစ်ကုန်ပြီပေါ့။ မလိုတဲ့လူက ကပ်ပါလာတာမို့လေ။
ဘားကနေ ကားပေါ်သို့ တွဲခေါ်လာပြီး ဟိုတယ်ခန်းအရှေ့ထိ လိုက်ပို့ပေးကြသည်။ Kim Tae Hyungလည်း ပါသည်။
"JungKook အမကို ပြန်လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်နော်"
"ရပါတယ် အမလော်ရာ...နောက်တခါတော့ ဂရုစိုက်ပါ"
Jungkook၏အသံက ခပ်တင်းတင်း။ မလွှဲသာသဖြင့် မနည်းသီးခံပြီး ကောင်းကောင်းပြောပေးနေရသည့် လေသံမျိူးပင်။
"ဟိုတယ်ခန်းထဲ ဝင်ပြီး အမနဲ့အတူတူ သောက်ရအောင်လေ နော် JungKook"
"မရဘူး အမလော်ရာ ။ အခုပြန်မှ ဖြစ်တော့မယ် ကိုကိုက အိပ်ချင်နေပြီ"
YOU ARE READING
All He Ever Wanted(Completed)
Fanfiction"ဒီဘဝမှာ ကျွန်တော် ပြင်းပြင်းပြပြ လိုချင်ခဲ့တာဆိုလို့ ကိုကိုတစ်ယောက်ထဲ ရှိပါတယ်။အမြဲတမ်းအတွက် ကိုကိုတစ်ယောက်ထဲပါပဲ" Start-14.10.2022 End- 3.12.2022