Unicode
ကားကို အတွင်းရေးမှူးလေးကို မောင်းခိုင်းပြီး သူနဲ့ Jeonကတော့ ကားနောက်ခန်း၌ အတူတူထိုင်ခဲ့သည်။
သတိထားမိသလောက်တော့ ကားမောင်းနေသည့် ကောင်လေး၏မျက်နှာက အတော်လေးတင်းမာနေသလို။
Jeon ရွေးထားတဲ့ စားသောက်ဆိုင်က အတော်လေးကျယ်သည်။
Privateခန်းလည်း ရှိတာမို့ Privateခန်းကိုပဲ ရွေးယူဖြစ်သည်။
လေးထောင့်ပုံစားပွဲမှာ သူနဲ့ Jeon က တစ်ဖက်၊ အတွင်းရေးမှူးဂျူကတစ်ဖက်။
ပင်လယ်စာနဲ့ ပက်သက်သော ဟင်းအမယ်အစုံ၊ စားစရာအစုံက စားပွဲတစ်ခုလုံးအပြည့်။
"ရော့..ဒါလေးတွေ စားနော် ကိုကို"
Jungkook က Tae Hyung ပန်းကန်ထဲသို့ သူ ကိုယ်တိုင် အခွံခွာထားသော အကောင်ခပ်ကြီးကြီး ပုဇွန်များကို လာထည့်ပေးသည်။
Jeonနဲ့အတူ ပုဇွန်စားဖြစ်တိုင်း ထိုကဲ့သို့ လုပ်ပေးနေကြဖြစ်သည်။
အတွင်းရေးမှူးဂျူရဲ့ မျက်နှာကို ဖျက်ခနဲ လှမ်းကြည့်မိတော့ မျက်နှာပျက်သွားတာကို တွေ့ရသည်။
ထိုလောက်နှင့်တော့ သူဘာလိုချင်သလဲကို မသိနိုင်သေး။
"Jeonလည်း စားပါ Jeonရဲ့"
"ကျွန်တော်ကရတယ်ဗျ.. ကိုကိုဗိုက်ဝဖို့ကသာ ပိုအရေးကြီးတာ"
ဆလပ်ရွက်လေးတွေနဲ့ လှလှပပ တန်ဆာဆင်ထားသည့် ကင်းမွန်သုပ်ပန်းကန်ထဲက ကင်းမွန်ဖတ်လေးကို တူလေးဖြင့် ညှပ်ယူကာ Jeonပန်းကန်ထဲသို့ ထည့်ပေးရန်အလုပ်။
"ဘော့စ်! ဒီမှာ ကျွန်တော်ခွာထားတဲ့ ပုဇွန်..စားကြည့်ပါဦးဗျ"
အတွင်းရေးမှူးဂျူက စားပွဲတစ်ဖက်ကနေ အတင်းကုန်းရုန်းထလာပြီး Jeonပန်းကန်ထဲသို့ Tae Hyung ထက်အရင် ဟင်းထည့်ပေးလိုက်တာဖြစ်သည်။
သူ ထည့်ပေးတော့မှာကိုလည်း အထင်အရှား မြင်နေရက်သားနဲ့လေ။
သို့သော်လည်း Jeonက သူ့ပန်းကန်ကိုသူ အလျင်အမြန် ဖယ်ပစ်လိုက်တာမို့ အတွင်းရေးမှူးဂျူရဲ့ ပုစွန်က Jeonပန်းကန်ထဲ မရောက်ပဲ စားပွဲပေါ်သို့သာ ဘုတ်ခနဲ ပြုတ်ကျသွားသည်။
YOU ARE READING
All He Ever Wanted(Completed)
Fanfiction"ဒီဘဝမှာ ကျွန်တော် ပြင်းပြင်းပြပြ လိုချင်ခဲ့တာဆိုလို့ ကိုကိုတစ်ယောက်ထဲ ရှိပါတယ်။အမြဲတမ်းအတွက် ကိုကိုတစ်ယောက်ထဲပါပဲ" Start-14.10.2022 End- 3.12.2022