ep..1

3.9K 163 1
                                    

ချစ်နေတာ...ကြာပြီ
🌳🌳🌳🌳🌳

Les story... part(1)

"တကယ်တမ်း...ရယူပ်ိုင်ဆိုင်ချင်လာပြီဆိုရင်
ငါ့အတွက်ဘာဥပဒေမှမရှိဘူး....
အဲ့ထဲမှာ'အချစ်'ရောပါတယ်...
ရာဇဝင်ထဲမှာ....ဒဿကအချစ်ရှုံးခဲ့တယ်ဆိုတာ
အဲ့ဒါ... သူညံ့ခဲ့လို့ပဲ''

(ကြယ်စင်မှူး)

"အရှက်အကြောက်ကြီး.. ပြီးဂုဏ်သိက္ခာကို
အသတ်..တမျှ....တန်ဖိုးထားခဲ့တဲ့ကျွန်မ...က...
မှူးဆိုတဲ့ကောင်မလေးနဲ့တွေ့မှပဲ....
ကျွန်မဟာ...ရှက်ရွံ့ဖို့မေ့လျော့သွားခဲ့တယ်...
အဲ့ဒိတရားခံဟာ....အချစ်...''

(ဆုပြည့်ကို)

အထက(၁)လသာ...။

နေ့ခင်းထမင်းစားချိန်မို့....အခန်းထဲတွင်...ကလေးများထမင်းစားနေကြသည်။
ထိုကလေးများ...အထဲတွင်....ကြယ်စင်မှူး...သိမ့်သိမ့်သူနဲ့...မျိုးမမသုံးဦးလည်းအပါဝင်ဖြစ်သည်။

သူတို့သုံးဦးဟာ....အတန်းထဲတွင်အတော်ဆုံးနဲ့...ချစ်စရာအကောင်းဆုံးကလေးများဆိုလဲမမှားချေ။

တစ်ဆယ့်ခြောက်နှစ်အရွယ်....မို့..သုံးယောက်လုံး....လှသွေးကြွယ်ကြသည်။
အလှဆုံးကတော့....ကြယ်စင်မှူးဆိုတဲ့ကောင်မလေးပင်....။
အသားရည်မှာဝင်းဖန့်စိုပြေနေပြီး...ကိုယ်လုံးကိုယ်ပေါက်မှာလည်း...အပြစ်ပြောစရာမရှိ...အောင်သူ့နေရာနဲ့သူ...အချိုးကျပြေပြစ်လှသည်။

ပိရိသေသပ်တဲ့နှုတ်ခမ်းပါး...စိန်ပွင့်လေးလို့အရည်လဲ့နေသော...မျက်ဝန်းစူးစူးလေးတွေက...သူမဘယ်လောက်ထက်မြတ်ကြောင်းကိူဖော်ကျူးပြသနေသယောင်။(ထိုင်းမင်းသမီးမိုင်ဒါဗီကာဟွန်း(Mai Davika Hoorne )နဲ့...ဆင်သည်။)

"မှူး...ရေ....ငါရေခဲမုန့်စားချင်တယ်...''

ပါးစပ်နဲ့အစားအပြတ်မခံတတ်သော...သိမ့်သိမ့်သူက...မှူးနဲ့မျိုးမမမချိုမချည်မျက်နှာလေးနဲ့....ထပြော၏။

"ဟွန့်...စားချင်တာများ...စားပေါ့...''

မျိုးမမက...နှုတ်ခမ်းကြီးစူကာ...မှူးဘက်ကိုလှည့်ပြောတော့...

"အေးလေ...''

"အဲ့ဒါ နင်တို့ရော...မစားချင်ဘူးလား...''

ချစ်နေတာကြာပြီWhere stories live. Discover now