ep(5)

1.5K 86 0
                                    

ချစ်နေတာ...ကြာပြီ
🌳🌳🌳🌳🌳
Les story part (5)

"မ...ဘာဖြစ်တာလဲဟင်...ဟိုလူကြီးမ...ကိုဘာလုပ်လို့လဲ...''

မှူးမှာရှိုက်ကြီးတငင်ငိုနေသောမကိုကြည့်ကာ...ခြေမကိုင်မိလက်မကိုင်မိဖြစ်နေ၏။
မ....ရဲ့မျက်ရည်တွေကို....မြင်ရတာ....ရင်ထဲမချိ။

"ကိုပိုင်စိုးလေ.... ''

ဆု....ပြောရမှာရှက်နေမိသည်။ကိုယ့်ယောက်ျားရဲ့...ဖောက်ပြန်မှုကိုတခြားတစ်ယောက်ကိုဖွင့်ပြောဖို့ဝန်လေးတာလည်းပါပါသည်။
ကိုပိုင့်မှာအခုလို...အကျင့်မျိုးရှိလိမ့်မယ်လို့ဆု...တခါမှမတွေးထားခဲ့မိတာ....။

"မ.... ပြောရတာခက်ရင်လည်းမပြောပါနဲ့မရယ်....ဒါပေမဲ့ မငိူပါနဲ့တော့နော်....''

မှူးက....ဆုရဲ့...ပါးပြင်မှမျက်ရည်များကို...လက်နဲ့ဖယ်ရှား...ရင်းဆိုလာတော့...ဆုမှာပို၍ဝမ်းနည်းလာပါသည်။
ဆုရဲ့နှလုံးသားက...မှူးကိုချစ်နေပြီဆိုတာကိုသိပေမဲ့...လျစ်လျူရှုနေမိသည်။
ဆုဘဝက...မှူးကိုချစ်ဖို့နေနေသာသာ....စိတ်နဲ့တောင်ပြစ်မှားလို့မရတဲ့အခြေနေမို့....လျစ်လျူရှုနေတာရတာပင်ပန်းလှသည်။

"ကဲ...မ...မငိုနဲ့တော့နော်...အိပ်တော့....''

"မှူး...မအိမ်ကိုလာတာလားဟင်....''

"အဟင်း....ဆေးရုံအပြန်သူငယ်ချင်းတစ်ယောက်ဆီသွားပြီး...ပြန်လာတာမ....မှူးကားလည်းအရောက်မ...လည်းအိမ်ထဲကထွက်လာတာနဲ့ဆုံတာပဲ....''

မှူးညာလိုက်ရသည်။
မအိမ်ဘက်ကိုတမင်လာတာပါလို့....မပြောချင်။
တော်ကြာ...အရင်တခါလို...မ....မှူးဆီက...ထွက်သွားမှာကြောက်လ်ု့ိဖြစ်သည်။

"မ....အိပ်တော့နော်....မှူး...ဘေးကအခန်းမှာအိပ်မယ်....''

ဆုခေါင်းညိတ်လိုက်သည်။
မနက်အစောကြီး....ဘဲလ်တီးသံကိုကြားရတာကြောင့်....မှူးတံခါးထဖွင့်လိုက်သည်။

"ဆုရော....''

ပိုင်စိုး....အသံမာမာနဲ့....ဒေါက်တာမလေးကိုမေးလိုက်သည်။သူ့ရင်ထဲမှာ...ညကိစ္စနဲ့ပတ်သက်ပြီး...ဗလောင်ဆူဝေနေပါသည်။

"ရှိတယ်.... ဒါနဲ့... ကိုပိုင်စိုးဘာအတွက်လာတာလဲ....''

သူ့ကိုမထီမဲ့မြင်ပုံစံနဲ့ဘုဘုဆက်ဆက်ပြန်ပြောနေသောဒေါက်တာမလေးကိုကြည့်ကာ....ပိုင်စိုးပို၍ဒေါသထွက်ကာ...

ချစ်နေတာကြာပြီWhere stories live. Discover now