ep(6)

1.7K 87 0
                                    

ချစ်နေတာ...ကြာပြီ
🍅🍅🍅🍅🍅🍅
Les story part(6)

မှိန်ပျပျမီးရောင်...သာရှိသော...အချုပ်ခန်းလေးထဲတွင်မှူး....ကုတ်ကုတ်လေးထိုင်နေ၏။
မ...ရဲ့စွပ်စွဲချက်များကိုပြန်ကြားယောင်ရင်း....ရင်ထဲမှာနာကျင်နေ၏။

"ကောင်မလေး...မအိပ်ဘူးလား...''

မှူးနဲ့တခန်းတည်းအတူရှိသောမိန်းမတယောက်က....မေးတာကြောင့်မှူးခေါင်းခါလိုက်၏။

"ညည်းပုံကြည့်ရတာ...လူတစ်ယောက်ကိုသတ်လောက်တဲ့အထိမာကြောတဲ့ပုံစံမဟုတ်ပါဘူး...''

"အင်း...''

မှူးစကားတွေကိုရှည်ရှည်ဝေးဝေးပြောမနေချင်တာမို့အလွယ်ပင်အင်းလုပ်လိုက်သည်။

"ငါ့နာမည် ကမာလာ....စျေးထဲမှာ အသီးအရွက်ရောင်းတယ်...ပထွေးကအမေမရှိတုန်းစော်ကားဖို့ကြံလို့....သတ်ပြီးဒီရောက်လာတာပဲ''

မှူးမမာလာကိုသေချာကြည့်လိုက်မိသည်။
အသားကခပ်လတ်လတ်မျက်ခုံးမျက်လုံးကောင်းကောင်း...ကြည့်ကောင်းသူဖြစ်ပါသည်။
လောကဓံကြောင့်မမလာရဲ့ပုံစံကကြမ်းတမ်းနေသလိုထင်ရပေမဲ့...မျက်ဝန်းများမှာ.... ဖြူစင်ရိုးသားနေသည်။

"အားမငယ်ပါနဲ့... နင်ကငါ့ထက်စာရင်အများကြီးအခြေနေကောင်းပါတယ်...ငါကတော့အနည်းဆုံး....ခုနနှစ်ကအေးအေးပဲ....''

မမာလာက....နောင်တရဟန်မတူ...အေးဆေးဆေးပင်ပြောသည်။

"ကဲကလေးမအိပ်တော့...ငါတော့အိပ်ပြီ ''

နံရံလေးကိုမှီကာမှူးအိပ်ဖို့ကြိုးစားပေမဲ့အိပ်လို့မပျော်။
မမာလာကတော့....ကြမ်းပြင်တွင်ခေါင်းချပြီးမကြာ...တခူးခူးတခေါခေါနဲ့အိပ်မောကျသွားချေပြီ.... ။

"ဘယ်လိုဖြစ်ရတာလဲမှူးလေးရယ်...''

မမကြီးမှာ....မျက်ရည် တစမ်းစမ်းနဲ့စိတ်ထိခိုက်စွာမှူးကိုကြည့်ရင်းဆိုသည်။

"မှူး....ဒီလူသတ်မှုကိုတကယ်ပဲကျူးလွန်ခဲ့သလား...ညီမလေး ''

"မှူး....ကိုပိုင်စိုးကိုသတ်ဖို့ကြံစည်ခဲ့တာအမှန်ပါပဲ...ဒါပေမယ့် မှူးမသတ်ရသေးခင်မှာကိုပိုင်စိုးကသေသွားတာပါ...''

ချစ်နေတာကြာပြီWhere stories live. Discover now