ချစ်နေတာ...ကြာပြီ
🍇🍇🍇🍇🍇🍇Les story part(4)
"ဆုလည်းလိုက်မယ်လေ...ကိုပိုင်ရဲ့...''
"မလိုက်ပါနဲ့ ဆုရယ်နာရေးဆိုတော့...ဆုကိုစိတ်မချမ်းသာတဲ့မြင်ကွင်းတွေမမြင်စေချင်ဘူး...''
ပိုင်စိုး....ခရီးဆောင်အိတ်ထဲအဝတ်တွေထည့်ရင်း....ဆိုလိုက်သည်။
သူ့အနေနဲ့....ဆုကိုတစ်ယောက်တည်းမထားခဲ့ချင်ပေမဲ့လည်းနာရေးဆို တော့ခေါ်သွားလို့ကလည်းမဖြစ်ပြန်။"ဆု...အတွက်အဖော်ရအောင်...ရပ်ကွက်ထဲက...ဒေါ်မြင့်ကိုခေါ်ထားမလားဟင်....''
"ရပါတယ် ကိုပိုင်ရယ်....ဆုလည်းမွေးဖို့ကလိုသေးတာကို....''
"အဲ့ဒါ ဆိုလည်း.....ကရုစိုက်နော်...ကိုယ်မကြာပါဘူး...ဒေါ် လေးရဲ့...အ လောင်းမြေချပြီးတာနဲ့ပြန်ခဲ့မယ်....''
"ရပါတယ် ဆုအတွက်မပူပါနဲ့ကိုပိုင်ရယ်....ဒေါ် လေးနာရေးပြီးမှပြန်လာပါရောက်သွားရောက်ပြန်ကြီးဆိုတော့ဘယ်ကောင်းမလဲ....''
ကိုပိုင်အိမ်မှာရှိနေလည်းဆုအတွက်သိပ်ပြီးမထူးလှသည်မို့ပြောလိူက်တာဖြစ်သည်။
က်ိုပ်ိုင်က....အလုပ်မှာခွင့်ယူထားပြီးမနက်ဆို...ဆယ်နာရီလောက်မှအိပ်ယာထပြီး..ညရောက်တော့လည်း...အကြောင်းအမျိုးမျိုးပြကာညည့်နက်မှ သောက်စားကာပြန်လာတတ်သည်။
ထို့ကြောင့်ကိုပိုင်ဆုအိမ်မှာရှိနေလည်းဆုအတွက်ဘာမှမထူးလှ။
ဆုကိုယ်ဝန်ကလည်းရှစ်လကျော်ထဲရောက်လာပြီမို့...အိမ်မှာတစ်ယောက်တည်း....အားငယ်နေမိတာတော့အမှန်ပင်။
အဲ့လိုအားငယ်တဲ့အချိန်မျိုးဆို..ကိုပိုင့်ထက်...မှူးကိုပိုပြီးဆုသတိရနေမိသည်။
အားနာလို့သာ...ဆုမှူးဆီကိုဖုန်းမဆက်ဖြစ်တာ....။
ပြီးတော့...မှူးအပေါ် မှာဖြစ်ပေါ်နေတဲ့...ထူးဆန်းတဲ့ခံစားချက်ကြီးကိုလည်း...ဆုမခံစားချင်။
ပြီးတော့အခုရက်ပိုင်း....ဆုဗေဒင်ဆရာမကြီးရဲ့စကားကိုသာခဏခဏကြားယောင်နေမိသည်။
ဆုပဲစိတ်ထင်လို့လားမသိ။"ကိုယ်ကားယူသွားမယ်နော်ဆု...''
"ယူသွားပါထားခဲ့လည်းဆုမှကားမမောင်းတာ...''
YOU ARE READING
ချစ်နေတာကြာပြီ
Randomကျောင်းဆရာမလေးနဲ့....ဒေါက်တာမလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ စာရေးသူ၏စိတ်ကူးယဥ်ဖန်တီးမှုသက်သက်မို့အားနည်းချက်များရှိနိုင်ပါကြောင်းအသိပေးအပ်ပါသည်...။