ချစ်နေတာ...ကြာပြီ
🌳🌳🌳🌳🌳
Les story part(2)တဆက်တည်းမှာပင်.... မှူးနှလုံးသားက....အချက်ပေးထားသည့်အလား...တဒိန်းဒိန်းဒိန်းနဲ့...စတင်ခုန်ပေါက်လာပါသည်။
ဘုရားရေ....သူမ....။
မှူးအနှစ်နှစ်အလလစွဲလန်းခဲ့ရသော....မှူးရဲ့တီချယ်လေးပင်။
အချိန်တွေအကြာကြီး ပြောင်းလဲသွားပေမဲ့....တီချယ်ကတော့အရင်လို....မှူးနှစ်သက်မြတ်နိုးရတဲ့ပုံလေးကိုပိုင်ဆိုင်ထားတုန်းပင်။"ဒေါက်တာ ကျွန်တော့် အမျိုးသမီး ကို...တစ်ချက်လောက်စမ်းသပ်ပေးပါအုံး....''
"ရှင်...''
ထိုလူစကားကြောင့်....မှူး....ထိတ်လန့်ချောက်ခြားသွား၏။
အမျိုးသမီး ဆိုပါလား...ဒါဆို တီချယ်က...တီချယ်က...အိမ်ထောင်ကျပြီပေါ့....။
ဟာ.!!....မှူး...အရမ်းကိုသွေးပျက်သွားပါသည်။"ဒေါက်တာ... ''
"သြော်...ဟုတ်ကဲ့... ''
မှူး...အိမ်မက်မှလန့်နိုးလာသူတစ်ယောက်လို...ဘယ်ကနေဘယ်လိုစပြီးစမ်းသပ်ပေးရမှန်းမသိဖြစ်နေ၏။
စိတ်ကိုအတည်ငြိမ်ဆုံးထိန်းကာ...
"လူနာက...အိမ်ထောင်ရှိလား....''
မယုံရဲစွာမှူးမေးလိုက်မိသွားသည်။
"ကျွန်တော် သူ့အမျိုးသားပါဒေါက်တာ....''
မှူးရဲ့မျှော်လင့်ချက်တွေအားလုံးပျောက်ဆုံးသွားပါသည်။
သူမကိုမှူးအေး...စက်တုန်ယင်သောလက်များနဲ့...စမ်းသပ်ကြည့်လိုက်တော့...မှူး...ပိုပြီး....ကဆွေးမြေ့ ကြေကွဲသွားပါတော့သည်။"စိတ်မပူပါနဲ့.... လူနာကအားနည်းတာရယ်...ပြီးတော့...လူနာမှာကိုယ်ဝန်ရှိနေပြီ....''
"ဗျာ!...ဒေါက်တာ တကယ်ပြောတာလားဟင်....ဝမ်းသာလိုက်တာ ဗျာ.....''
ဝမ်းသာပျော်ရွှင်စွာခုန်ပေါက်နေသော...တီချယ့်ရဲ့အမျိုးသားကိုမှူး...အသာလွတ်ကြီးမုန်းတီးနေမိပါသည်။
ပြီးတော့တီချယ့်ကိုကြည့်ကာနှမျောခြင်း...ဝမ်းနည်းယူကြုံးမရဖြစ်ခြင်းတို့က...မှူးရင်ထဲပြည့်နှပ်နေ၏။"ဝမ်းသာလိုက်တာ ဗျာ....ကျွန်တော်တို့အိမ်ထောင်သက်တမ်းကငါးနှစ်ရှိပြီဗျ...အခုမှ...ကလေးရတော့တယ်...''
YOU ARE READING
ချစ်နေတာကြာပြီ
Randomကျောင်းဆရာမလေးနဲ့....ဒေါက်တာမလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ စာရေးသူ၏စိတ်ကူးယဥ်ဖန်တီးမှုသက်သက်မို့အားနည်းချက်များရှိနိုင်ပါကြောင်းအသိပေးအပ်ပါသည်...။