ချစ်နေတာ...ကြာပြီ
🍎🍎🍎🍎🍎Les story part(3)
မအိမ်က...အပြန်တွင်....မရဲ့လူကြီးပေးလိုက်သောလက်ဆောင်ထုပ်ကြီးကို...လမ်းမှာလွှင့်ပစ်ခဲ့ဖို့စိတ်ကူးလိုက်သေးသည်။
အဲ့လိုလုပ်ရအရမ်းရိုင်းရာကျမှာစိုးလို့...ဆေးခန်းကိုဝင်ပြီးညိုပြာနဲ့ဇာခြည်ကိုဝင်ပေးလိုက်၏။သူတို့နှစ်ယောက်ကတော့...လက်ဆောင်ထုပ်များကိုဖွင့်ကြည့်ပြီးပျော်ရွှင်နေကြသည်။
ညရှစ်နာရီထိုးတော့ဆေးခန်းပိတ်ကာ....မှူးကမ်းနားလမ်းဘက်ကိုမိမျိုးနဲ့ချိန်းကာထွက်ခဲ့သည်။"မှူး...နင်ဆေးလိပ်တွေအရမ်းသောက်နေတာလား...နှုတ်ခမ်းတွေပိူပြီးညိုလာတယ်နော်....''
မှူးလက်ထဲက...ကိုင်ထားသောစီးကရက်တိုကို....အားရအောင်....တစ်ချက်ရှိုက်ဖွာလိုက်ပြီး....
"အင်း....''
"လေျာ့သောက်ပါဟာ...နင်ကလည်း...ဖြစ်နိုင်ရင်မသောက်ပါနဲ့....''
"အေးပါ...''
"နင့်မှာ...ဘာစိတ်ညစ်စရာတွေများရှိနေလို့လဲ.....''
မျိုးမမငယ်ငယ်ကတည်းကမှူးနဲ့ပေါင်းလာတဲ့သူငယ်ချင်းတွေဆိုပေမဲ့....တခါတခါ...မှူးရဲ့စိတ်ကိုနားမလည်ချေ။
မှူးက....စိတ်ထားဖြူစင်သည်။သဘောကောင်းပြီးလူတကာကိုသနားညှာတာတတ်သောစိတ်ရှိသည်။
သို့သော်လည်း.... မှူးက...သူ့ရင်ထဲကခံစားချက်များကိုထုတ်ဖော်ပြောပြလေ့မရှိ။
မှူးဆယ်တန်းတုန်းက....ကျိုင်းတုံကရုတ်တရက်ကြီးပြောင်းသွားတော့...မိသိမ့်နဲ့သူမတို့မှာငိုလိုက်ရတာအမော....။မှူးကတော့....ဘာမှမဖြစ်သလိုခပ်တည်တည်နဲ့ပင်။
ပြောင်းသွားပြီးတော့လည်းသာကြောင်းမာကြောင်းတောင်အဆက်သွယ်မလုပ်....ဆယ်တန်းအောင်မှသာ...သူမတို့နှစ်ယောက်ကိုပြန်ဆက်သွယ်ခဲ့တာဖြစ်သည်။"ထေွထူးမရှိပါဘူး....မိမျိုးရာ..ဒါနဲ့မိသိမ့်နဲ့ရောပြောဖြစ်သေးလား..''
"အင်းပြောဖြစ်တယ်....အဲ့မိန်းမက....ဘဲရနေပြီသိလား....''
"ဟုတ်လား... ဝမ်းသာစရာပေါ့....''
"ဓာတ်မှန်ဌာနက....ဆရာဝန်ကြီးတဲ့....သူများကိုသာဝမ်းသာမနေနဲ့နင်ရော....''
YOU ARE READING
ချစ်နေတာကြာပြီ
Randomကျောင်းဆရာမလေးနဲ့....ဒေါက်တာမလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ စာရေးသူ၏စိတ်ကူးယဥ်ဖန်တီးမှုသက်သက်မို့အားနည်းချက်များရှိနိုင်ပါကြောင်းအသိပေးအပ်ပါသည်...။