ချစ်နေတာ...ကြာပြီ
🌳🌳🌳🌳🌳
Les story part(7)"စိတ်ချရပါ တယ်ဆရာမကြီး..သူတ်ို့မှာကသားသမီးမရှိကြဘူးလေ...အဲ့တော့သမီးလေးကိုပဲချစ်နေကြတာ.....''
"အင်း...အဆင်ပြေရင်လည်းပြီးတာပါပဲကွယ်...ကျောင်းကိုခေါ်လာရင်လည်းခေါ်လာပေါ့...ဒီက...အတန်းချိန်အားတဲ့ဆရာဆရာမတွေဝင်ထိန်းပေးလို့ရသားပဲ....''
"ဟုတ်တယ် မဆုရေ...ခေါ်ခဲ့....ကျွန်မတို့ဝိုင်းကြည့်ပေးမှာပေါ့...''
"ဟုတ်ကဲ့.... ဆုလည်းနေ့တိုင်းတော့မထားခဲ့ပါဘူး...ခေါ်လာခဲ့ပါ့မယ်''
ဆု..သမီးလေးကိုမကြာခဏဖုန်းဆက်ပြီးမေးနေရသည်။
နေ့လယ်စာစားပြီးတော့...ဆုသမီးလေးအခြေနေကိုဖုန်းဆက်မေးပြီး...ကျောင်းရှေ့ကိူမျက်စိရောက်သွား၏။
နေပူကြီးထဲတွင်...အုတ်ခုံလေးပေါ်...ငုတ်တုတ်ထိုင်နေသောမှူး...ကြောင့်...ဆုရင်ထဲ ကျိမ်းစပ်သွားရသည်။မှူးအခုထိဘာလို့မပြန်သေးတာလဲမသိ။
ဆု...ကျောင်းရှေ့ကိုထွက်လာခဲ့သည်။
"မငိးအခုထိဘာလို့မပြန်သေးတာလဲ....''
"ပြန်စေချင်ရင်...မရဲ့အိမ်လိပ်စာကိုပြောလေ...''
ဂျစ်ကန်ကန်ပေကပ်ကပ်နဲ့....ဆုကိုပြန်နေသော...မှူးကိုဆုစိတ်ပျက်ဟန်နဲ့...ကြည့်ကာ...
"မင်းနဲ့မပတ်သက်ချင်ပါဘူးလို့ဘယ်နှခါပြောရမလဲ...မင်းပြန်ပါ...''
"မပြန်ဘူး...မကိုမှူးချစ်တယ်....''
"တော်တော့ မှူး...မင်းကိုတို့မချစ်ဘူး...တို့ယောက်ျားကိုပဲတို့ချစ်တယ်...အေးအကယ်၍တို့နောက်အိမ်ထောင်ထပ်ပြုဖြစ်ခဲ့မယ်ဆိုရင်တောင်...ယောက်ျားတယောက်ကိုပဲရွေးချယ်မှာ...''
"ဟာ..မ.....မှူးက...မိန်းမတယောက်ဖြစ်နေတာနဲ့မကို...ချစ်လို့မရတော့ဘူးလား....''
ပြောရင်းမှူးအသံလေးများတုန်ယင်အက်ကွဲလာသည်။
ဆု....နှလုံးသား ထဲက....နာကျင်မှုကိုဥပေက္ခာပြုပြီး...မှူးနာကျင်စေလောက်သောစကားများကိုသာရွေးချယ်နေမိသည်။မရွေးချယ်လို့လည်းမရ...ဆုကြောင့်.....မှူးဘဝလေးကိုမညစ်နွမ်းစေချင်။
YOU ARE READING
ချစ်နေတာကြာပြီ
Randomကျောင်းဆရာမလေးနဲ့....ဒေါက်တာမလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ စာရေးသူ၏စိတ်ကူးယဥ်ဖန်တီးမှုသက်သက်မို့အားနည်းချက်များရှိနိုင်ပါကြောင်းအသိပေးအပ်ပါသည်...။