Chapter 4

633 126 1
                                    

[Zawgyi]


လီကျိုး‌ကောက သူ့နောက်ကနေ ပန်းတစ်ပွင့်ထုတ်လိုက်ပြီး "မင်းအတွက်"လို့ပြောလိုက်သည်။

နဉ်ရှုနည်းနည်း အံသြသွားတယ်။ဆောင်းတွင်းကြီးမှာ ဘယ်ကပန်းတွေရောက်လာတာလဲ?

"ကျေးဇူးပါ" နဉ်ရှုပန်းကိုယူလိုက်တယ်။
"နင်ဒီပန်းတွေဘယ်ကရလာတာလဲ?"

"မှန်းကြည့်လေ။"လီကျိုး‌ကောက ကျီစယ်တဲ့မျက်နှာနဲ့ ပြောပြီးနောက် သူ့အမူအရာကိုပြင်လိုက်ပြီး မီးသွေးမီးဖိုထဲ ငွေစက္ကူတွေထည့်နေခဲ့တယ်။

နဉ်ရှု သစ်သားအခေါင်းကိုစိုက်ကြည့်ရင်း သူမရင်ထဲဝမ်းနည်းလာခဲ့တယ်။

ဒါဖန်လန်ရှင်းရဲ့ခံစားချက်တွေ ဖြစ်နိုင်သည်။

သူမအဖေက အထဲမှာလဲလျောင်းနေတယ်။

သူကရုတ်တရက်ရောဂါကူးစက်ခံခဲ့ရတယ်။

နဉ်ရှုက လီကျိုး‌ကောဘက်လှည့်ပြီး မေးလိုက်တယ်
"နင်ငါ့အဖေနဲ့ဘယ်လိုတွေ့ခဲ့တာလဲ?"

လီကျိုး‌ကောက ရပ်တန့်သွားပြီး တိတ်ဆိတ်နေခဲ့တယ်။

ကြည့်ရတာ ပြောပြလို့မရတဲ့လျှို့ဝှက်ချက်တချို့ ရှိနေပုံပဲ။

"ငါဒီတိုင်းမေးလိုက်တာ နင်ပြန်ဖြေစရာမလိုပါဘူး။"
နဉ်ရှုက သစ်သားချောင်းတစ်ချောင်းဆွဲယူပြီး ဆီမီးအိမ်ကိုထွန်းလိုက်တယ်။ဈာပနမရောက်ခင်ထိ ဒီဆီမီးအိမ်ငြိမ်းသွားလို့မရပေ။

ခေါင်းတလားက အိမ်မှာသုံးရက်နေရမည်။ဈာပနနေ့ရောက်သည့်နေ့တွင် တစ်နေရာမှာလေလွင့်နေခဲ့တဲ့ မိုကျွယ်ချန် ပြန်ရောက်လာခဲ့သည်။

ရှေ့ကဦးဆောင်သူက ကုရွဲ့ဖြစ်သည်။

နဉ်ရှုနဲ့ အခြားမွေးစားသားနှစ်ယောက်က နောက်ကလိုက်လာခဲ့တယ်။

နဉ်ရှု သူမဘေးနားရပ်နေတဲ့ မိုကျွယ်ချန်ကိုကြည့်လိုက်တယ်။သူက ဝမ်းနည်းခြင်းအထိမ်းအမှတ် အဝတ်အစားကိုဝတ်ထားပေမယ့် ဆွဲဆောင်မှုရှိနေတုန်းပင်။

ရုပ်အလောင်းမြေချမယ့်နေရာက သခင်ကြီး အသက်ရှင်စဉ်ကရွေးထားခဲ့တဲ့ တန်ဖိုးကြီးနယ်မြေဖြစ်သည်။

Merchant's Daughter(Realm 34)Where stories live. Discover now