chapter 6

406 92 0
                                    

[Zawgyi]


နဉ်ရှု မိုကျွယ်ချန်က သူမမျက်လုံးကိုရည်ရွယ်ပြီး တိုက်ခိုက်လာမယ်လို့မထင်ထားခဲ့ပေ။ မိုကျွယ်ချန်သာ ဒီတိုက်ခိုက်မှုကိုတကယ်တိုက်နိုင်ခဲ့ရင် သူမမျက်လုံးကန်းသွားနိုင်သည်။

ဒီခွေးကောင်က တကယ်ဂေါက်ကြောင်ပဲ။ သူတို့စကားပြောနေရာကနေ သူက ဘာလို့ ရုတ်တရက်တိုက်ခိုက်လာရတာလဲ?

နဉ်ရှု ရှောင်ဖို့ကြိုးစားပေမဲ့ သူမခြေထောက်က နှင်းထဲနစ်မြုပ်နေပြီး အချိန်မီဆွဲမထုတ်နိုင်ခဲ့ပေ။

နဉ်ရှု ထိရောက်တဲ့ တန်ပြန်တိုက်စစ်ကို မတွေးနိုင်တာကြောင့် သူမ မြေပြင်ပေါ်လဲချပြီး ရှေ့သို့တက်ကာ မိုကျွယ်ချန်၏အဝတ်စကိုဆွဲကိုင်လိုက်သည်။

ဒီသောက်ရူးကောင်

နဉ်ရှုက မိုကျွယ်ချန်၏ဘောင်းဘီကိုဆွဲကိုင်ပြီး အ၀တ်စပြဲသည့်အသံနှင့်အတူ နဉ်ရှု၏ခန္ဓာကိုယ် ‌မြေပေါ်ကျသွားသည့်အသံတို့ထွက်ပေါ်လာသည်။

မိုကျွယ်ချန်က သူမ၏လုပ်ရပ်ကို ထိတ်လန့်တကြားစိုက်ကြည့်နေခဲ့သည်။ နဉ်ရှု သူမခေါင်းကို နည်းနည်းမော့ကြည့်လိုက်တယ်။ သူမရဲ့မျက်လုံးတွေက မိုကျွယ်ချန်၏ ကျောက်စိမ်းကဲ့သို့ချောမွေ့ ပြီးသန်မာသွယ်လျသည့် ခြေထောက်တွေပေါ်အကြည့်ရောက်သွားသည်။

နဉ်ရှု သူ၏ပေါင်ကို တစ်ချက်ကြည့်ပြီး အမြန်အကြည့်လွှဲလိုက်သည်။

ကောင်းရော ၊ သူမ မကြည့်လိုက်သင့်ဘူး။ အဲဒါက သူမမျက်လုံး‌တွေကိုနာကျင်စေတယ်။

"ဖန်လန်ရှင်း လွှတ်စမ်း" မိုကျွယ်ချန်က သူ့ဘောင်းဘီကို အမြန်ပြန်ဆွဲတင်ဖို့ကြိုးစားပေမဲ့ နဉ်ရှုက သူတို့ကိုဆွဲထားပြီး လွှတ်မပေးပေ။

"မိုကျွယ်ချန် ငါ့ကိုအနိုင်ကျင့်ဖို့က အဲ့လောက်မလွယ်ဘူး" နဉ်ရှုက မောဟိုက်ပြီး သူမမျက်နှာတစ်ခုလုံးနီရဲနေခဲ့သည်။

"မင်းလွှတ်လိုက်တာ ပိုကောင်းမယ်" မိုကျွယ်ချန်က နဉ်ရှု၏၀ကစ်ကစ်လက်ကိုဖိညှစ်လိုက်သည်။ "လွှတ်!"

"မိုကျွယ်ချန် ၊ ဒါနောက်ဆုံးအနေနဲ့ ငါလုပ်ရမဲ့ကိစ္စဆိုရင် နင့်ကိုပါဆွဲချသွားမယ်။" နဉ်ရှုသည် မိုကျွယ်ချန်၏ဘောင်းဘီကိုဆုပ်ကိုင်ပြီး အတင်းဆောင့်ဆွဲနေခဲ့သည်။ မိုကျွယ်ချန်က နှင်းတွေထဲနောက်ပြန်ကျသွားသည်။

Merchant's Daughter(Realm 34)Where stories live. Discover now