Chapter 15

311 69 1
                                    

[Zawgyi]

မိုကျွယ်ချန်ရဲ့လေသံက ထိုပစ္စည်း နဉ်ရှုနဲ့ရှိနေတာ သေချာနေတဲ့ပုံပင်။သူရဲ့သေချာနေတဲ့ပုံက နဉ်ရှုကို အံ့အားသင့်သွားစေသည်။

သူမအရင်က အပြင်လူတွေရှေ့မှာ မြေပုံကိုတစ်ခါမှမပြခဲ့ဖူးတာ သေချာသလောက်ပင်။

နဉ်ရှု အမြန်ခေါင်းခါလိုက်သည်။"အဲဒါငါနဲ့မရှိပါဘူး။ငါကျိန်ဆိုတယ်။ကုရွဲ့တောင် အဲဒါကို မရှာနိုင်တာ ငါကဘယ်လိုလုပ်သိမှာလဲ?"

"အဲလိုအကြောင်းမျိုး ငါ့အဖေ ငါ့ကိုတစ်ခါမှမပြောပြခဲ့ဖူးဘူး။ပြီးတော့ ဘယ်လိုလုပ်ပြီး ငါ့အဖေမှာ ဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်းမျိုး ရှိနိုင်မှာလဲ?ငါ့အဖေမှာ အဲလိုပစ္စည်းမျိုးရှိတယ်ဆိုတာ နင်ဘယ်လိုသိလဲ?"

"ငါ့အဖေက စီးပွားရေးသမားလေးတစ်ယောက်ပါပဲ။ဘယ်လိုလုပ် သူ့မှာ ဧကရာဇ်ဆရာရဲ့ဂူသင်္ချိုင်းမြေပုံရှိမှာလဲ?ကုရွဲ့ကပိုသိလောက်တယ်။သူကကျားနိုင်ငံရဲ့မင်းသား မဟုတ်ဘူးလား?"နဉ်ရှုရဲ့အမူအရာကဆိုးရွားနေသည်။"နင်နေ့တိုင်း ငါ့ဆီပစ္စည်းလာလာတောင်းနေတာ။ငါ နင့်ကိုအကြွေးတင်နေလို့လား။"

"နင့်လိုမွေးစားသားမျိုးရှိတာ ငါ့အဖေခံစားခဲ့ရမှာပဲ။"

"မင်းအဖေရဲ့မွေးစားသားဖြစ်ချင်တယ်လို့ ငါတစ်ခါမှမပြောခဲ့ဖူးဘူး။မင်းအဖေက ငါ့ကိုပြောခွင့်တောင်မပေးခဲ့ဘူး။သူ ငါ့ကိုသူ့ရဲ့မွေးစားသား အတင်းလုပ်ခိုင်းခဲ့တာ။"မိုကျွယ်ချန်က ပခုံးတွန့်လိုက်သည်။

"မင်းကစကားလမ်းကြောင်းလွှဲတဲ့နေရာမှာ တကယ်တော်တယ်ဆိုတာ ငါသိသွားပြီ။ငါ မင်းဆီက တစ်ခုခုလိုချင်တယ်။ငါ့ကိုပေးလိုက်။မြန်မြန်လုပ်။"မိုကျွယ်ချန်ကပြောလိုက်သည်။

"မပေးဘူး။နင် ငါ့အသက်ကိုလိုချင်နေတာပဲ။ငါ့မှာဘာမှမရှိဘူး။"နဉ်ရှုကခါးထောက်လိုက်သည်။

"မင်းဆက်ပြီးခေါင်းမာနေမယ်ဆိုရင် မင်းနောင်တရလိမ့်မယ်။"မိုကျွယ်ချန်က နဉ်ရှုကို လက်ညိုးထိုးလိုက်သည်။"မင်းနောင်တရလိမ့်မယ်။မင်းစောင့်နေလိုက်...."

"ငါစောင့်နေမယ်။နင် ငါ့ကိုဘာလုပ်နိုင်မလဲ ကြည့်ကြတာပေါ့။"နဉ်ရှု မျက်လုံးလှန်လိုက်သည်။

Merchant's Daughter(Realm 34)Where stories live. Discover now