chapter 8

411 94 0
                                    

[Zawgyi]

လီကျိုး‌ကောမှာချစ်သူတစ်ယောက်ရှိပြီး သူမဆီကခွင့်ပြုမှုရဖို့ သူတကယ်ပဲအပြေးလာ‌ပြောတယ်?

"ဘယ်မိသားစုကမိန်းကလေးလဲ?ငါသူမကိုသိလား?" နဉ်ရှုက သူ့မျက်နှာပေါ်ရှက်ရွံ့နေတဲ့အကြည့်ရှိသည့် လီကျိုး‌ကောကိုမေးလိုက်သည်။

လီကျိုး‌ကောက"အဲဒါလီမိသားစုကသခင်မလေးပါ"

"လီမိသားစု ၊ ဘယ်လီမိသားစုလဲ?"နဉ်ရှု ပေကလတ် ပေကလတ်ဖြစ်သွားတယ်။သူမ လီမိသားစုအကြောင်းတကယ်မသိပေ။သခင်မလေးလီ မပြောနဲ့ သူမမိသားစုဝင်တွေကိုတောင် သူမ မသိဘူး။

နဉ်ရှု ထိုလူ၏နာမည် သို့မဟုတ် အသွင်အပြင်ကိုမသိပေ။

"နောက်မနေနဲ့ ၊ မင်းသိပါတယ်"လီကျိုး‌ကောက နဉ်ရှုကိုတံတောင်ဖြင့်တွက်လိုက်သည်။

တံတောင်ဖြင့်တွက်ခံရပေမဲ့ နဉ်ရှု ၏ခန္ဓာကိုယ်က တစ်လက်မပင်မလှုပ်သွားပေ။
"ငါဘာသိတာလဲ?"

"ဒီနားမှာ အချမ်းသာဆုံးမိသားစု ၊ အဲ့လီမိသားစုပဲ။" လီကျိုး‌ကောက ရှက်ရွံ့နေတဲ့ မျက်နှာဖြင့်‌ပြောလိုက်သည်။

နဉ်ရှု အလွန်ချမ်းသာတဲ့မိသားစုရဲ့သမီးဆိုတာ ကြားတော့ လီကျိုး‌ကောကိုကြည့်ရန် သူမခေါင်းကို ရုတ်တရက်လှည့်လိုက်သည်။

နဉ်ရှု သခင်မလေးလီကိုမမှတ်မိပေမဲ့ သူမ လီကျိုး‌ကော၏အရင်ကအတွေ့အကြုံနဲ့ လီမိသားစု ၏ချမ်းသာမှုကို ချိတ်ဆက်လိုက်သည်။

နဉ်ရှု စိတ်ထဲအတွေးတစ်ခုရုတ်တရက်ဝင်လာသည်။လီကျိုး‌ကောက ရုန်နိုင်ငံကိုပြန်ချင်နေသေးသည်။

လီကျိုး‌ကောက လီမိသားစုရဲ့ချမ်းသာမှုကို သူ့အတွက်လမ်းခင်းဖို့ စီစဉ်နေတာလား?

နဉ်ရှု သူမအတွေးလွန်နေပြီဟု ချက်ချင်းခံစားလိုက်ရသည်။လီကျိုး‌ကောက သခင်မလေးလီကိုတကယ်ကြိုက်တာလည်း ဖြစ်နိုင်ပါတယ်လေ။

"သခင်မလေးလီက အသက်ဘယ်လောက်ရှိပြီလဲ?"လို့ နဉ်ရှုမေးလိုက်သည်။

လီကျိုး‌ကောက နဉ်ရှုကိုကြည့်လိုက်သည်။"ဘာလဲ ၊ မင်းကသူမနဲ့သူငယ်ချင်းတွေမဟုတ်ဘူးလား?သခင်မလေးလီက မင်းထက်နှစ်နှစ်ကြီးတယ်။"

Merchant's Daughter(Realm 34)Where stories live. Discover now