အခန်း ၁။ ကြောင်တစ်ကောင်၊ လူတစ်ယောက်နှင့်နူးညံ့မှုလေး

3.8K 290 8
                                    

ရထားပြတင်းပေါက်ကနေ တိုးဝင်လာသောလေတွေဟာ သစ်ရိပ်ဝါးရိပ်နှင့်တောတောင်ကိုဖြတ်သန်းလာခဲ့ရတာကြောင့် အေးမြလတ်ဆတ်လို့၊ ဆယ်လပိုင်းကိုဝင်စပြုနေပြီဆိုတော့ ဆောင်းဝင်နေပြီဖြစ်သည့်အထက်ပိုင်းဒေသ၏ရာသီဥတုဟာ အေးမြမှုကိုပေးစွမ်းလို့နေပြန်သည်။ ဒီဒေသ၏ဆောင်းဟာအေးချမ်းလှတာမို့ အပေါ်ထပ်ဝတ်ထားသော လက်ရှည်အပါးလေးဟာ အအေးဒဏ်ကို သိပ်ပြီးမခုခံနိုင်သလိုပင်။

မပြောင်းလဲသွားသေးသော တောတောင်ဟာလည်း စိမ်းစိုလှပလျက်ရှိသလို ရထားခုတ်မောင်းသံနှင့်အတူ တောတွင်းကငှက်အော်သံတွေကိုပါကြားနေရသည်။ ဒီမြင်ကွင်းတွေကိုတွေ့မြင်ခံစားချင်ခဲ့လို့အချိန်ပိုကြာသည့် ရထားလမ်းကိုရွေးခဲ့တာဖြစ်သလို မပျော်ရွှင်ရတဲ့အခါ လှပတဲ့သဘာဝမှာနစ်မြုပ်ထားခြင်းဟာလည်း အကောင်းဆုံးကုစားခြင်းပင်။

ရထားဥဩဆွဲသံကိုကြားလိုက်ရသည်။ မကြာခင်မှာသူဆင်းရမည့်ဘူတာကိုရောက်ရှိတော့မည်။ နေဝင်ဆည်းဆာဟာ ကောင်းကင်မှာလိမ္မော်ရောင်သမ်းနေပြီး ငှက်အုပ်တွေတွေပျံသန်းသွားတာကိုလည်း ပြတင်းတံခါးကနေမြင်တွေ့နေရသည်။ ငယ်ငယ်ကလူကြပ်လွန်းလို့ဖင်ထိုင်ချစရာနေရာလေးတောင်မနည်းရှာခဲ့ရသောရထားဟာ အခုချိန်မှာတော့ ထိုင်ခုံတိုင်းတောင်လူသိပ်မပြည့်ချင်တော့။ အရာရာဟာ ထာဝရတည်မြဲနေလိမ့်မည်ဟုသတ်မှတ်ထားလို့မှမရတာ၊ အချိန်နှင့်အမျှမပြောင်းလဲတာဟာ ဘယ်မှာရှိလို့လဲ။ အနည်းဆုံးတော့ လူတွေမှာလည်းရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေပြောင်းလဲသွားတတ်ကြတာပါပဲ။

ဘူတာငယ်လေးကိုလှမ်းမြင်တွေ့နေရပြီ၊ ရထားကခပ်ဖြည်းဖြည်းချင်းရပ်တန့်သွားသလို ကျွန်မထိုင်နေသည့်အတွဲကလည်း ဘူတာကိုတောင်အနည်းငယ်လွန်သွားသည်။ လက်ဆွဲအိတ်ခပ်သေးသေးတစ်လုံးသာပါတာကြောင့် ပစ္စည်းတွေကိုစစ်ဆေးနေစရာမလိုဘဲ ပေါ့ပေါ့ပါးပါးရထားပေါ်ကဆင်းခဲ့သည်။ စည်ကားခဲ့သောဘူတာကလေးမှာ လူသိပ်မရှိ၊ စျေးသည်အနည်းငယ်တော့ရောင်းချနေသလို ကျွန်မအပါအဝင်ဆင်းတဲ့သူဟာသုံးယောက်သာရှိလေသည်။ ဟုတ်ပါတယ်လေ ကားနှင့်ဆိုတိုက်ရိုက်ရောက်သော ခရီးကိုရထားဖြင့်အချိန်ကုန်ခံကာလာပြီး မြို့ဆီကိုနောက်တစ်ဆင့်သွားရမည့်ကိစ္စကို လူတွေစိတ်မရှည်နိုင်ကြတော့ဘူးလေ။

စောင့်ဆိုင်းခဲ့သည့်နောက်Where stories live. Discover now