အခန်း ၂။ ပန်းတွေရဲ့ပျိုးထောင်သူ

1.2K 167 3
                                    

နားထဲမှာ ဆူညံသံတချို့ကြောင့် နိုးလာခဲ့သည်။ နာရီကိုကြည့်လိုက်တော့ မနက် ၆ နာရီခွဲသာရှိသေးသလို တစ်ယောက်တည်းနေတုန်းကတော့ ခုနှစ်နာရီရှစ်နာရီမှထ၊ မနက်စာစားပြီးရုံးသွား ရုံးကကျွေးသည့်နေ့လယ်စာစား၊ အိမ်ပြန်ရောက်တော့ လမ်းကကြုံရာဆိုင်တစ်ခုမှာ ထမင်းစား ဒီလိုနဲ့နေ့ရက်တွေကိုဖြတ်သန်းနေခဲ့တာပင်။ အရမ်းသာမန်ဆန်လွန်းပြီး ဘဝမှာပုံသေဖြစ်နေသောလုပ်ဆောင်မှုတွေမှာငြီးငွေ့စရာကောင်းလွန်းခဲ့သည်။ ထိုမှတစ်ဆင့် အချစ်ဆိုသည့်ခံစားမှုလေးကိုထိတွေ့လာမိတော့ အဓိပ္ပာယ်မရှိသည့်အရာတွေကတောင် အသက်ဝင်လာပြီး အဓိပ္ပာယ်ရှိလာခဲ့သည်လေ။ တစ်ခါတစ်ရံတော့အချစ်သည် ထိုသို့စွမ်းအားကြီးလေသည်။

မနက်ငါးနာရီဆိုရင်ထကြပြီး ဆွမ်းခံအမှီဆွမ်းလောင်းကြတာမို့ ရွာကလေးရဲ့မနက်ခင်းတွေမှာ ဆွမ်းတော်ကြွသည့် ကြေးစည်သံ၊ ချက်ကြပြုတ်ကြသံတွေဖြင့် အနည်းငယ်တော့ဆူညံသည်။ သို့သော်လည်း ကျွန်မကတော့ သဘောကျသည် အသက်ဝင်နေသောမနက်ခင်းတစ်ခုလို ခံစားရသည်။

အိပ်ရာမှထလာပြီး အောက်ထပ်ကိုမဆင်းမှီ ဝရံတာတံခါးကိုအရင်ဖွင့်ကာ ကြည့်လိုက်မိသည်။ ညရှု့ခင်းနှင့်နေအလင်းရောင်၏ရှုခင်းကသိပ်မကွာလှပေမဲ့လို့ နေ့အလင်းရောင်အောက်မှာတော့ ပန်းခင်းဟာပိုလှသလို ပန်းတွေဟာ အရောင်အသွေးပို၍စုံလင်လှသည်။ မနေ့ညကတွေ့ခဲ့သော ကြောင်ဖက်တီးဟာ အိမ်ကလေးဘေးမှာချထားသော ပလက်ကုလားထိုင်ပေါ်မှာအိပ်နေလျက်ရှိပြီး သူ့ပိုင်ရှင်ကိုတော့ မတွေ့မိ။

တီ.... ဆိုင်ကယ်ဟွန်းသံအကျယ်ကြီးနှင့်အတူ စျေးပစ္စည်းတွေကိုသယ်ဆောင်လာသောဆိုင်ကယ်ဟာ ကျွန်မတို့အိမ်ရှေ့မှာရပ်သည်။ ဆိုင်ကယ်စျေးသည်လေးတွေခေတ်စားလာတော့ စျေးမသွားနိုင်သည့်လူတွေအတွက် အတော်လေးသက်သာသည်။ မြို့ထဲမှာနေရသောသူတွေအတွက်က စျေးသွားရသည်မှာကိစ္စမရှိပေမဲ့လို့ မြို့နှင့်အလှမ်းဝေးသောနေရာကြတော့ တစ်ပတ်တစ်ခါစျေးသွားရတာတောင်မလွယ်၊ ကျွန်မတို့ရွာကလေးကလည်း မြို့နှင့်ဆက်လျက်ဆိုပေမဲ့လို့ စျေးနဲ့တော့အလှမ်းဝေးသည်လေ။ အသက်ကြီးနေပြီဖြစ်သည့်အဖေနဲ့အမေကတော့ လူများများကြားသိပ်မသွားချင်တော့။ ဟင်းသီးဟင်းရွက်ကတော့ ရွာထဲမှာတင်စိုက်ပျိုးသူပေါများလွန်းတော့ ဘယ်နားရှာရှာရပေမဲ့ အသားကတော့စျေးသွားရသည်လေ၊ ငါးသယ်တွေကတော့ မနက်ညနေပေါများလွန်းတာကြောင့် ငါးကတော့ငြီးငွေ့နေအောင်စားရသည်။

စောင့်ဆိုင်းခဲ့သည့်နောက်Where stories live. Discover now