အခန်း ၄။ ချိန်းဆိုခြင်း

1.1K 150 2
                                    

မရောက်ဖြစ်တာ သုံးနှစ်ကျော်ပြီဖြစ်သည့်မြို့ကလေးဟာ အနည်းနှင့်အများဆိုသလိုတော့ပြောင်းလဲသွားခဲ့သည်။ ကမ်းနားလမ်းဘေးမှာ ညနေခင်းဆိုစားစရာရောင်းချသောဆိုင်ငယ်​လေးတွေတန်းစီလို့နေသလို မြို့ထဲမှာလည်း အရင်ကထက်ကို တိုက်တာအဆောက်အဦးတွေပိုပေါများလာသည်။ သို့သော်လည်း ဒေသသံဝဲဝဲနှင့် အရသာမပြောင်းလဲသော ဒေသစာတွေကြောင့် စိတ်ထဲမှာတော့ ဘာမှသိပ်ပြောင်းလဲမသွားဘူးဟုထင်ရသည်။

ညနေခင်းဖက်မှာ ကမ်းနားလမ်းဘေးက အကင်နှင့်အာပူရှာပူစားလို့ကောင်းသည်ဟု ပြည့်ထွေးမကြာခဏပြောသဖြင့် ဝယ်ကျွေးမည်ဟုဆိုကာ ကျွန်မလိုက်လာခဲ့သည်။ ပြန်ရောက်တာ ဆယ်ရက်နီးပါးရှိနေပြီဆိုပေမဲ့လို့ အိမ်ထဲကနေအိမ်ပြင်သိပ်မထွက်ဖြစ်သလို တခြားသူတွေနဲ့လည်း စကားမပြောဖြစ်၊ အိမ်ကိုမကြာခဏလာလည်သော ပြည့်ထွေးက မမရယ်အပြင်လေးဘာလေးသွားရအောင်ပါဟု မကြာခဏခေါ်လွန်းလို့သာပါလာခြင်းပင်။

ကုက္ကိုလ်ပင်ရိပ်အောက်မှာဖြစ်သလို ဘေးနားကဧရာဝတီရဲ့မြစ်ရေဟာလည်း စီးဆင်းလို့၊ ဆောင်းရာသီထဲကိုဝင်လာပြီဆိုတော့ ရာသီဥတုဟာအတော်လေးအေးနေပြီဖြစ်သလို မြစ်ရေကြောင့်မို့ ကမ်းနားဖက်ဟာပိုအေးသည်ဟုထင်ရသည်။ ငရုတ်သီးစပ်စပ်အာပူလျှာပူရဲ့ ငါးဟင်းရည်ဟာအတော်လေးကောင်းသလို စပ်လှတာကြောင့် အေးနေသောရာသီဥတုနှင့်အကိုက်ပင်။

"ပေါင်းသင်းတွေ၊ ခေါပုတ်တွေတောင်ရောင်းနေကြပြီ အမေတောင်ပြောနေတာ ခေါပုတ်ထောင်းမလို့တဲ့"

"အရီးသန်းရင်ရဲ့လက်ရာကကောင်းတယ်လေ နင်ပြောတာနဲ့ ခေါပုတ်ထောင်းပူပူလေးတောင်စားချင်လာပြီ"

"မမဟိုမှာတုန်းက ကျွန်တော်ပို့ပေးသေးတယ်နော်"

"အေးလေ အဲ့ဒါတွေကမာနေပြီလေ ကြော်စား၊ကင်စားလို့ပဲရတာ ငါကထောင်းပြီးသားပူပူအိအိလေးစားချင်တာ"

"လာပို့လိုက်မယ် အဘွားငယ်လည်း ပေါင်းသင်းလုပ်မှာဆို"

"အခုချိန် ပေါင်းသင်းကစားလို့မကောင်းသေးဘူး ဆယ့်တစ်လပိုင်းကျော်လောက်မှ"

စောင့်ဆိုင်းခဲ့သည့်နောက်Where stories live. Discover now