အခန်း ၃။ စီးကရက်တွေနဲ့ညတာရှည်တဲ့ညတွေ

1K 163 3
                                    

တစ်ခါတစ်လေကြတော့ နေ့စဉ်ရှင်သန်နေရသည့်ပုံသေကားချပ်ထဲကနေထွက်ကာ စိတ်လွတ်လက်လွတ်နေရတာဟာလည်း တကယ်ပျော်စရာကောင်းလွန်းသည်။ အမေ့အိမ်ကိုရောက်နေသည့်တစ်ပတ်အတွင်းမှာ မနက်ခင်းတွေဆို ထချင်သည့်အချိန်ထသည့် ကြားနေကျနှိုးစက်သံတွေမကြားရသလို၊ ဘေးနားကကိုယ်ငွေ့နွေးနွေးဟာပျောက်ဆုံးနေပေမဲ့လို့ ရုတ်တရတ်ကြီးလွတ်လပ်မှုကို ပြန်လည်ရရှိသလိုမျိုးခံစားနေရသည်။

လက်ကိုင်ဖုန်းဟာ ရောက်သည့်နေ့ကစလို့ အားသွင်းတာကလွဲရင်တစ်ခါမှကိုင်မကြည့်ခဲ့သလို ဖွင့်လည်းမကြည့်ခဲ့၊ မြောက်များစွာသောစာတိုတွေဝင်နေပေမဲ့လို့ ဖတ်မကြည့်မိသလို လျစ်လျူရှုခြင်းများစွာနှင့်ပစ်ထားလိုက်သည်။ မကြည့်ချင်တာလား၊ မကြည့်ရဲတာလား ကိုယ်ဘာသာ မသိပေမဲ့လို့ မကြည့်နိုင်ဘူးဆိုတာတော့အမှန်ပင်။

အခုချိန်လောက်ဆို သူလည်းဒီနိုင်ငံရဲ့မိုင်ပေါင်းထောင်ချီကွာဝေးလှသောနေရာသစ်တစ်ခုကိုရောက်နေလောက်ပြီဖြစ်သည်။ ရုတ်တရတ်မွန်းကြပ်လာသလိုခံစားရတော့ အသက်ကိုခပ်ပြင်းပြင်းရှုထုတ်လိုက်သည်။ ဒီရက်ပိုင်းတွေမှာ ငယ်သူငယ်ချင်းတွေကိုပြန်တွေ့မိသလို မိသားစုနဲ့ဖြစ်နေသောဘဝတွေကိုအနည်းငယ်တော့အားကျမိသည်။ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ အနည်းဆုံးတော့ ကိုယ့်ဘေးမှာလူတစ်ယောက်ရှိနေသည် ချစ်မြတ်နိုးရသည့်သူတစ်ယောက်ရှိသည်ဆိုသည့်အချက်ဟာ နွေးထွေးစေသည်လေ၊ ဒါကြောင့်လည်း ကျွန်မက အေးစက်စက်တိုက်ခန်းကိုစွန့်ခွါကာ နွေးထွေးမှုခံစားရမည်နေရာကို ရောက်လာရသည်လေ၊ အခုမှသတိရနေလားဟု အပြစ်တင်နိုင်ပေမဲ့လည်း တစ်ခါတစ်လေကြတော့ ဘဝဆိုတာက ကိုယ်ဖြစ်ချင်တိုင်းမှဖြစ်မနေဘဲ။

တိတ်ဆိတ်နေသောညလယ်ဟာ လူခြေတိတ်ချိန်ကိုရောက်ရှိလို့နေလေပြီ၊ ဆိုင်ကယ်သံတွေလည်းတိတ်ဆိတ်လို့နေသလို လူတွေလည်းတစ်နေ့တာပင်ပန်းသမျှအိပ်စက်အနားယူလို့နေကြပြီ၊ ဒီလိုအချိန်တွေဆို အနားမှာဘယ်သူမှမရှိသည့်အခါ အထီးကျန်ခြင်းဆိုသည့်ဝေဒနာတစ်ရပ်ကို ခံစားကြရသည်။ တစ်ယောက်တည်းဘယ်လောက်ပဲနေတတ်သည်ဟုဆိုပါစေ လူဆိုတာကတော့ပုထုဇဉ်ဖြစ်နေသ၍ တစ်ခါတစ်လေကြတော့အဖော်လိုအပ်သည်လေ။

စောင့်ဆိုင်းခဲ့သည့်နောက်Where stories live. Discover now