Lilac (noun) : First Love.
ပထမဆုံး ရင်ခုန်မှုနဲ့ ပထမဆုံး အချစ်။ပျော်လည်း ပျော်ခဲ့ရသလို နစ်လည်း နစ်ဝင်ခဲ့ရပြီး
အဆုံးမသတ်နိုင်တဲ့ နာကျင်မှုတွေနဲ့ မရင့်ကျက်သေးဘဲ ရင့်ကျက်ချင်ယောင်ဆောင်ခဲ့ရခြင်းတွေ။ ဟန်နီရယ် မင်းက ငါ့ဘဝထဲက ရူးမိုက်ခြင်းလေးပဲ။ ပြီးတော့... မင်းက ငါ့အတွက် ပြန်မရနိုင်တော့တဲ့ ချစ်ခြင်းလေးလည်း ဖြစ်ခဲ့ဟန်တူပါတယ်။______________
၂၀၀၀ ခုနစ်၊ ၂၆ ရက် ၊ ဒီဇင်ဘာလ။
"နောက်နှစ်တောင် ရောက်တော့မှာပဲ။ အချိန်တွေက ကုန်တာမြန်လိုက်တာ။နှစ်သစ်ကူးကျရင် မင်းဘာလုပ်ချင်လဲ ဂျယ်နို"
"အင်း..ငါကတော့ မင်းနဲ့ပဲ အတူတူရှိနေချင်တယ်"
"ငါနဲ့က အမြဲအတူတူရှိနေတာပဲကို။
ခရစ်စမတ် ပိတ်ရက်မှာလည်း ငါနဲ့ပဲ လျှောက်လည်နေတာ။ မင်း ငါ့ကိုပဲ ကြည့်နေရတာ
မငြီးငွေ့ဘူးလား""ဟင့်အင်း.. မင်းက ငါ့ရဲ့ ချစ်မဝလေးမလို့ တစ်သက်လုံး ကြည့်နေရလည်း ငြီးငွေ့သွားမယ်လို့ ငါတော့ မထင်ပါဘူး"
"လီဂျယ်နို အရူးကောင်"
"နာဂျယ်မင်းကို ချစ်လွန်းလို့ ရူးသွားတာထင်တယ်"
_______
၂၀၀၀ ခုနစ်၊ ၃၁ ရက် ၊ ဒီဇင်ဘာလ။
"ဟက်ပီး နယူးရီးယား ဂျယ်နို။ နှစ်သစ်မှာလည်း ငါ့ကိုပဲ ချစ်ပေးပါဦး"
"ဟက်ပီးနယူးရီးယားပါ ဂျယ်မင်နီး။ ငါ့မှာ မင်းပဲ ချစ်စရာရှိတာကို မင်းကလွဲ ဘယ်သူ့ကို သွားချစ်လို့ရမလဲ။ ပြီးတော့ ငါတို့ ဘွဲ့ရပြီး အလုပ်ရလာတဲ့အခါကျရင် လက်ထပ်ကြမယ်နော်။ငါက ဟန်နီ့ကို တကယ် ပျော်အောင်ထားမယ်လို့ ကတိပေးပါတယ်"
______
၂၀၁၅ ခုနစ် ၊ ဇူလိုင်လ။
"လီဂျယ်နို ထတော့ မြန်မြန်။ ခနနေ အစည်းအဝေးရှိသေးတာ နောက်ကျတော့မယ်။"
ဟယ်ချန်းက ဂျယ်နိုရဲ့ အတွင်းရေးမှူးလည်းဖြစ်သလို ဂျယ်နိုရဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းလည်း ဖြစ်သည်။ အခုလည်း သူတို့နှစ်ယောက် ညက အသောက်လွန်ပြီး မနက် အိပ်ရာထနောက်ကျကြခြင်းပင်။
![](https://img.wattpad.com/cover/325292520-288-k911864.jpg)