မင်းမရှိတဲ့ နေ့ရက်တွေပါပဲ။ ပျော်စရာမကောင်းပေမဲ့လည်း ကိုယ့်မှာ နေတတ်သလို နေရတယ်။ ဘဝထဲက လူတစ်ယောက်မရှိတော့တာ ဒီလောက် နာကျင်ဝမ်းနည်းစရာကောင်းမယ်လို့ ဘယ်တုန်းကမှတော့ မထင်ခဲ့ဘူး။_________
ဟယ်ချန်းက အလုပ်တွေ ရှူပ်နေလို့ ပင်ပန်းနေတဲ့ ဂျယ်နိုကို ကြည့်ပြီး သက်ပြင်းချတယ်။
ကိုယ့်ကိုကိုယ် အလုပ်ရှုပ်အောင် ထားရင် ဂျယ်မင်းကို မေ့နိုင်မယ်လို့ ထင်နေတယ် ထင်ပါတယ်။ဂျယ်နိုက ဘဝကိုတော့ ပုံမှန်အတိုင်း ဖြတ်သန်းနေခဲ့ပေမဲ့ စိတ်ကတော့ အခုထိ ဂျယ်မင်းကို မမေ့နိုင်သေးတဲ့ပုံပါပဲ။ ဂျယ်နိုက ဂျယ်မင်းကို သူ့ရည်းစားဆိုပြီး စမိတ်ဆက်ပေးခဲ့တဲ့နေ့ကို သူ အခုထိ မှတ်မိနေတုန်း။ ဂျယ်မင်းနဲ့ သူ သိပ်မရင်းနှီးခဲ့ပေမဲ့ ဂျယ်မင်းကလည်း
ဂျယ်နိုကို ချစ်မှန်း သိသာခဲ့တာတော့ တကယ်။"ဂျယ်နို မနက်ဖြန် နယူးယောခ့်ကို သွားရမှာ။
Amela တို့ဘက်နဲ့ ညှိနှိုင်းပြီးရင် တန်းပြန်လာမလား။ ခန လျှောက်ပတ်ကြည့်ဦးမလား""အင်း တစ်ရက်လောက်တော့ နေရအောင်။ ဒီမှာလည်း အလုပ်တွေ မပြတ်သေးတော့
အကြာကြီးတော့ မရဘူး။ ငါတော့ ဟိုတယ်မှာပဲ နေတော့မယ်။ မင်းကတော့ လျှောက်ပတ်ကြည့်ပေါ့။""မင်းနဲ့ တူတူသွားမယ်လေ။ လာစမ်းပါ ခနလောက် နားရအောင်။နှစ်စကတည်းက အလုပ်နေတာ ပင်ပန်းလာပြီ။ မင်း မပင်ပန်းလည်း မင်းရဲ့ အတွင်းရေးမှူး ငါက ပင်ပန်းတယ်ကွ"
"မင်းရစ်ချင်ရင် မင်းရည်းစားဆီသွားစမ်းပါ
ငါ့လာမရစ်နဲ့ဟ သွား မြန်မြန်ကြွတော့""အေး မင်းမပြောလည်း မင်းအဖေက သွားတော့မှာ ရုံးဆင်းချိန်ရောက်နေပြီ"
ဟယ်ချန်းပြန်သွားတော့ ဂျယ်နိုက အလုပ်တွေ လက်စသတ်ပြီး အိမ်ပြန်ဖို့ ပြင်တယ်။
ကားမောင်းရင်းနဲ့ ဘေးမှာ လမ်းလျှောက်ရင်း ရယ်မောနေတဲ့ စုံတွဲတွေကို တွေ့တော့
ဂျယ်မင်းကို သတိရမိပြန်တာပဲ။ သူတို့လည်း တစ်ချိန်တုန်းက အဲ့လို ရယ်မောခဲ့ဖူးပါရဲ့။ တစ်ဖြည်းဖြည်းနဲ့ အေးစက်လာတဲ့ သူတို့ဆက်ဆံရေးမှာ ဂျယ်မင်းက ပင်ပန်းခဲ့ဟန်တူပါတယ်။ သူကလည်း ကျောင်းတစ်ဖက်နဲ့ အဖေ့
ကုမ္မဏီကို လက်လွဲယူဖို့ ကိစ္စကြောင့် အလုပ်တွေရှုပ်နေခဲ့ပြီး ဂျယ်မင်းကလည်း သူ့ကိစ္စနဲ့သူ အလုပ်ရှူပ်နေခဲ့တာ။ မွန်းကြပ်နေပုံပေါ်တဲ့
ဂျယ်မင်းက လမ်းခွဲစကားပြောလာတော့ လန့်ရတာလည်း ဂျယ်နိုပဲ။ ဂျယ်မင်းမှာ သူ့ကို
မပြောပြထားတဲ့ အကြောင်းအရာတွေနဲ့ သူကလည်း ဂျယ်မင်းကို ဂရုစိုက်ဖို့ မေ့ခဲ့တယ်ထင်ပါတယ်။အကုန်သူ့အပြစ်တွေပါပဲ။ အဲ့ဒီနေ့က ဂျယ်မင်းကို ဆွဲထားခဲ့ဖို့ ဘယ်လိုမှ သူမတတ်နိုင်ခဲ့ဘူး။