မပြီးဆုံးသေးတဲ့ အချစ်ဦးပုံပြင်

306 37 5
                                    


ဘဝမှာ ကိစ္စတစ်ခုခုကို ပထမဆုံးလုပ်ဖူးတဲ့ အချိန်ကို ဘယ်တော့မှ မမေ့ကြဘူးလို့ ပြောကြတယ်။ ကိုယ်ရဲ့ အချစ်ဦး​ ဖြစ်ခဲ့တဲ့ မင်းကို ကိုယ်တစ်ချိန်လုံးမေ့မရခဲ့သလိုမျိုး။
အချစ်ဦး မြေးဦး ရတဲ့ထိ မမေ့ဘူးဆိုတဲ့ စကားက မှန်တယ် ထင်ပါတယ်။

___________________

ဂျယ်နိုက ဂျယ်မင်းကို မထိရက်မကိုင်ရက်အရုပ်လေးလိုမျိုး အမြတ်တနိုးနဲ့ မက်မက်မောမော နမ်းတယ်။ ဂျယ်မင်းက အံ့သြနေခဲ့ပေမဲ့ ဂျယ်နိုရဲ့ ဦးဆောင်မှုနောက်ကိုပဲ လိုက်ခဲ့ပါတယ်။ အနမ်းတွေပြီးဆုံးသွားတော့ ဂျယ်မင်းက ဂျယ်နိုကို စိတ်ရှုပ်နေတဲ့ပုံနဲ့။

"ဂျယ်မင်း.. ကိုယ်..တောင်းပန်ပါတယ်"

ဂျယ်မင်းက ဂျယ်နိုကို ဘာမှ မပြောပဲ လှည့်ထွက်သွားတယ်။ ဂျယ်နိုက ဂျယ်မင်းနောက် ပြေးမလိုက်မိတော့ဘူး။

______________

၂၀၁၀ ခုနစ်၊ အောက်တိုဘာလ။

ဂျယ်မင်း အချိန်ပိုင်းအလုပ်က အပြန် ဘက်စ်ကားစောင့်နေတုန်း သူ့ရှေ့ကို အမျိုးသမီးတစ်ယောက်က ရောက်လာတယ်။

"နာဂျယ်မင်းမလား။ အစ်မက ဂျယ်နို့အစ်မပါ။
ခဏလောက် စကားပြောရအောင်။"

ဂျယ်မင်းက လန့်သွားပြီး အထစ်ထစ်နဲ့ ပြန်ဖြေခဲ့တယ်။

"ဟုတ်..ကဲ့..ဗျ"

ဂျယ်နို့အစ်မက ရှေ့က ဦးဆောင်သွားတဲ့နောက် ဂျယ်မင်းက လိုက်ခဲ့တယ်။ ကားပေါ်ရောက်တော့ ဂျယ်နို့အစ်မကပဲ စကားစတယ်။

"အစ်မမောင်လေးနဲ့ မင်းတွဲနေမှန်း အစ်မသိပါတယ်။ ဒါပေမဲ့ သူနဲ့ လမ်းခွဲပေးလို့ရမလား။
အစ်မတို့က ဂျယ်နို့ကို အဖေ့ရဲ့ ဆောက်လုပ်ရေး ကုမ္မဏီကို လက်လွဲယူစေချင်တာ။ စီးပွားရေးလောက,က ဘယ်လိုမျိုးလဲဆိုတာ မင်းလည်း အနည်းအကျဥ်းတော့ သိမှာပဲ။
ဂျယ်နိုနဲ့ မင်းရဲ့ ဆက်ဆံရေးအကြောင်းထွက်လာခဲ့ရင် ဂျယ်နိုက အဆင်မပြေဖြစ်မှာ။
ဂျယ်နို့ကို အစ်မ နာမည်မပျက်စေချင်ဘူး။
နောက်ပိုင်း ဂျယ်နို ကုမ္မဏီကို လက်လွဲယူပြီးမှ မင်းတို့ စိတ်ရှိသေးတယ်ဆိုရင် ​ပြန်တွဲချင်တွဲပေါ့။ အစ်မ မတားပါဘူး။ အခုတော့ လမ်းခွဲပေးစေချင်တယ်။ ဂျယ်နို အကြပ်အတည်းဖြစ်မှာကို မင်းလည်း မလိုလားဘူးမလား။"

မြတ်နိုးရပါသော..Where stories live. Discover now