ရုတ်တရက် ဘဝထဲ ပြန်ဝင်လာခဲ့တဲ့ လူပဲ။
ရှိနေတော့လည်း ငေးရသလို မရှိတော့လည်း လွမ်းရတဲ့ လူ။ စသိကတည်းက ခန့်မှန်းရခက်ခဲ့တဲ့လူဖြစ်ခဲ့လို့ စိတ်ထဲရောက်ခဲ့ဟန်တူပါတယ်။___________
ဂျယ်နိုက တိတ်တိတ်ဆိတ်ဆိတ်ပဲ။ ဂျယ်မင်းကလည်း စကားစမပြောဖြစ်ဘူး။ သူတို့ကြားထဲမှာ ဟယ်ချန်းကတော့ နေရခက်လို့။
ဓာတ်လှေကားထဲရောက်တော့ ဟယ်ချန်းကပဲ စကားစရပြန်ပါတယ်။"ဂျယ်မင်း မင်းက ဒီဇိုင်နာ လုပ်နေမှန်း ငါမသိခဲ့ဘူးပဲ။"
ဂျယ်နိုက ရုတ်တရက် သတိလွတ်သွားပြီး
ဟယ်ချန်းရဲ့ မေးခွန်းကို ပြန်ဖြေခဲ့တယ်။"ဂျယ်မင်းက ငယ်ငယ်ကတည်းက ပုံဆွဲတော်တာပဲလေ။ သူက အထက်တန်းကတည်းက
ဒီဇိုင်နာ ဖြစ်ချင်ခဲ့တာကို။"ဂျယ်မင်းက ရှက်နေတဲ့ပုံနဲ့ ပြန်ဖြေတယ်။
"အင်း ဟုတ်တယ်။ အစကတော့ business ဘက်သွားမလို့ပဲ။ ဝါသနာကို မစွန့်လွှတ်နိုင်လိုက်လို့။ ပြီးတော့ အဲ့ဒီဝါသနာကို သဘောကျတဲ့ လူတစ်ယောက်ကြောင့်ရော။"
နောက်ဆုံးအကြောင်းကိုတော့ စိတ်ထဲကပဲ ပြောဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာ ဂျယ်နိုနဲ့သူနဲ့က ဘာမှမဆိုင်တော့တဲ့ ဆက်ဆံရေးပဲမလို့။
စကားစပြတ်သွားတော့ သုံးယောက်လုံး ဘာမှ မပြောဖြစ်ကြတော့ဘူး။အပြင်ကိုရောက်တော့မှ ဂျယ်မင်းက အလုပ်မရှိတော့ရင် အတူတူလျှောက်လည်ရအောင်လို့ ဆိုလာတယ်။ ဂျယ်နိုက ငြင်းခါနီးလေးမှာပဲ ဟယ်ချန်းက ဂျယ်နို့ကအလုပ်တွေပြီးပြီလို့ ပြောလာတယ်။ ဟယ်ချန်းကတော့ ပင်ပန်းလို့ နားတော့မယ်ဆိုပြီး ဂျယ်နိုနဲ့ ဂျယ်မင်းကို နှစ်ယောက်ထဲ ထားပစ်ခဲ့တယ်။
"ဂျယ်နို မင်း museum တွေကိုသွားကြည့်ချင်လား"
ဂျယ်နိုက ဘာမှပြန်မပြောပဲ ခေါင်းငြိမ့်တယ်။
"ဒါဆို ဒီနားမှာ The Museum of Modern Art ရှိတယ်။ ငါ့ကားနဲ့ပဲ သွားရအောင်။"
ဂျယ်မင်း ကားမောင်းနေတဲ့ တစ်လျှောက်လုံး ဂျယ်နိုက ဂျယ်မင်းကို သိသိသာသာရော မသိမသာရော ငေးတယ်။ ပြီးတော့မှ ဂျယ်နိုက စကားစလာပါတယ်။